Skip to main content

SME-Development Bank က အတိုးနှုန်း ၈ ဒသမ ၅ မှ ၁၃ ရာခိုင်နှုန်းဖြင့် SME လုပ်ငန်းများကို အများဆုံး ကျပ်သိန်း (၃၀၀၀)အထိ ငွေထုတ်ချေးပေးမည်

အဆိုပါချေးငွေကို လယ်ယာစိုက်ပျိုးရေး၊ အိမ်ခြံမြေ၊ ဘဏ္ဍာရေး အာမခံ၊ အဖိုးတန်သတ္တုရောင်းဝယ်ရေး၊ အရက်ဆိုင်နှင့် ပျော်ပွဲစားရုံများ၊ ဖျော်ဖြေရေးနှင့် ပျော်ပွဲရွှင်ပွဲဆိုင်ရာလုပ်ငန်းများကို ဦးစားပေးထုတ်ချေးပေးသွားမည်ဖြစ်ပြီး လက်နက်၊ ခဲယမ်းမီးကျောက်လုပ်ငန်း များနှင့် လူမှုဆိုင်ရာတည်ငြိမ်မှုကို ထိခိုက်စေသော ကဏ္ဍများနှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်များကို ချေးငွေထုတ်ချေးပေး သွားမည်မဟုတ်ကြောင်း သိရသည်။

ယင်းချေးငွေအတွက် အတိုးနှုန်းထားများကို လုပ်ငန်းအလိုက် သတ်မှတ်ထုတ်ချေးပေးသွားရန် စီစဉ်ထားခြင်းဖြစ်ပြီး လျှောက်ထားသည့် ချေးငွေများကို JICA နှင့် SME-Development Bank တို့မှ သတ်မှတ်ထားသည့် ချေးငွေစည်းကမ်းချက်များနှင့် ကိုက်ညီမှသာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း SME-Development Bank မှ အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွှန့် ၏ ပြောကြားထားသည်။

“ အထူးသဖြင့် JICA က သတ်မှတ်ထားတဲ့ စည်းကမ်းချက်များနဲ့ အညီကိုက်ညီတဲ့ လုပ်ငန်းတွေကို ထုတ်ချေးသွားဖို့ စီစဉ်ထားတယ်။ ပြည်နယ်နှင့်တိုင်းဒေသကြီးတွေ ကတော့ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်စတဲ့ မဖွံ့ဖြိုးသေးတဲ့ဒေသတွေကို ဦးစားပေးထုတ်ချေးသွားဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာဇေယျာညွှန့်က ပြောသည်။

ထို့အပြင် SME လုပ်ငန်းများအနေဖြင့် ချေးယူလိုက်သည့် ချေးငွေပမာဏကို လုပ်ငန်းလှည့်ပတ်အသုံးပြုမှု(Working Capital) အတွက် ချေးငွေပမာဏ၏ ၂၀ ရာခိုင်နှုန်းကို အသုံးပြုရမည်ဖြစ်ဖြစ်ပြီး လုပ်ငန်းမှ ရရှိလာမည့် လက်ငင်းရပိုင်ခွင့် (Current Assets) အတွက် ၈၀ ရာခိုင်နှုန်းကို အသုံးပြုရမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ချေးငွေကို လုပ်ငန်းသုံးစက်ပစ္စည်းများဝယ်ယူရန် (သို့) လုပ်ငန်းနှင့်ပတ်သက်သော အဆောက်အအုံများ တိုးချဲ့ ဆောက်လုပ်ရာတွင် အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။

ယခင် JICA ၏ နှစ်ဆင့်ချေးငွေ (Two-Steps-Loan) ကို ရယူဖူးသော အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များလည်း ပြန်လည်လျှောက်ထားနိုင်ပြီး အာမခံပစ္စည်းမပါသည့် စနစ်ဖြစ်သည့်အတွက် ရှေ့အလားအလာ ကောင်းမွန်၍ နိုင်ငံတော်၏ ထုတ်ကုန်ကဏ္ဍတိုးတက်နိုင်ပြီး ဆုံးရှုံးနိုင်ခြေနည်းသော လုပ်ငန်းများကိုသာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ SME-Development Bank အနေဖြင့် တစ်နိုင်ငံလုံံးအတိုင်းအတာအနေဖြင့် ဘဏ်ခွဲပေါင်း (၂၀)ကျော်အထိ ဖွင့်လှစ်ထားပြီး ချေးငွေလျှောက်ထားရန် လိုအပ်ချက်အသေးစိတ်ကို ရုံးချုပ်နှင့် နီးစပ်ရာဘဏ်ခွဲများ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

Donec vel libero ullamcorper, faucibus augue auctor, imperdiet diam. Duis quis nibh eget urna convallis blandit. Fusce iaculis purus vitae convallis aliquet. Ut auctor nunc sed odio bibendum fringilla. Quisque egestas non magna ac tincidunt. Aenean laoreet commodo nulla, sed ultrices odio vehicula sit amet. Suspendisse erat tellus, porta et facilisis sit amet, adipiscing sed diam. Nulla condimentum arcu a pellentesque pretium. Pellentesque pharetra odio eu auctor suscipit.

  • Proin id lacus non dolor viverra hendrerit vel vel magna.
  • Duis iaculis varius urna, nec feugiat enim suscipit vitae.
  • Nulla nec enim eget dui posuere tincidunt sit amet venenatis lorem.
  1. Proin id lacus non dolor viverra hendrerit vel vel magna.
  2. Duis iaculis varius urna, nec feugiat enim suscipit vitae.
  3. Nulla nec enim eget dui posuere tincidunt sit amet venenatis lorem.

Cum sociis natoque penatibus et magnis dis parturient montes, nascetur ridiculus mus. Cras congue, felis in congue iaculis, elit enim molestie urna, ut accumsan augue magna aliquet nisi. Nullam interdum bibendum magna, eu sagittis metus convallis quis. Pellentesque vehicula purus sit amet tellus pellentesque suscipit. 

Ut dolor elit, ullamcorper quis ornare vel, congue id orci. In et orci in dolor dapibus sodales ac nec diam. Etiam vulputate erat a quam ullamcorper volutpat. Vestibulum vel feugiat sem, non molestie purus. Duis sit amet faucibus ipsum, ac aliquet urna. In hendrerit sit amet dolor vitae semper.