အဓိကအကြောင်းအရာသို့ သွားမည်

ပထမပုဂ္ဂလိကဘဏ်က အမြတ်ဝေစု ခွဲဝေပေးမည့်ရက်အား ကြေညာချက်ထုတ်ပြန်

 

 

၂၀၁၉-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ပထမပုဂ္ဂလိကဘဏ်မှ ခွဲဝေပေးမည့် အမြတ်ဝေစုခံစားခွင့်ရှိသော အစုရှယ်ယာရှင်များအား လာမည့် ဒီဇင်ဘာလ ၁၆ ရက်တွင်မှစတင်ကာ ထည့်သွင်းပေးသွားမယ်လို့ အသိပေးကြေညာထားပါတယ်။

ပထမပုဂ္ဂလိကဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲများတွင် ဖွင့်လှစ်ထားသော ငွေစာရင်းများသို့  စတင်ထည့်သွင်းပေးသွားမှာပါ နိုဝင်ဘာလ ၂၇ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ငွေစာရင်းမဖွင့်လှစ်ရသေးသော အစုရှယ်ယာရှင်များမှလည်း ရုံးချုပ်နှင့် ဘဏ်ခွဲများတွင် ငွေစာရင်းများ ဖွင့်လှစ်ပေးရန် နှင့်  စာရင်းများ ဖွင့်လှစ်ပြီးပါက ရုံးချုပ်နှင့် ဘဏ်ခွဲရှိ ရှယ်ယာဌာနသို့ အကြောင်းကြားပေးပါရန် ပထမပုဂ္ဂလိကဘဏ်က နှိုးဆော် ထားပါတယ်။

ပထမပုဂ္ဂလိကဘဏ်လီမိတက်က အစုရှယ်တစ်စုလျှင် အမြတ်ဝေစု (Dividend ) ကျပ် ၂၅၀၀ ခွဲဝေပေးသွားမယ်လို့ အဆိုပါအမြတ်ဝေစုကို (၁၀/၂၀၁၉) ကြိမ်မြောက် ဒါရိုက်တာအဖွဲ့အစည်းအဝေးမှ  ၂၀၁၈ ဘဏ္ဍာရေးနှစ် (၆)လနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးဣှစ် (၁၂)လ စုစုပေါင်း (၁၈) လအတွက် ခွဲဝေပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

ယင်းဆုံးဖြတ်ချက်ကို (၂၄.၁၁.၂၀၁၉) ရက်က ကျင်းပသည့် (၂၈)ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းဝေးမှလည်း အတည် ပြုဆုံးဖြတ်ခဲ့တာပါ။

အဆိုပါ အမြတ်ဝေစုကို (Dividend) ခံစာခွင့်ကို (၃၀.၉.၂၀၁၉) နေ့ (YSX Record Date ၄-၁၀.၂၀၁၉) ရှိ ပထမပုဂ္ဂလိကဘဏ်၏ အစုရှယ်ယဘာပိုင်ဆိုင်ထားသူများကို ခွဲဝေပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

BETVNews