အဓိကအကြောင်းအရာသို့ သွားမည်

အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံသင့်လား

လာမယ့် ၂၀၂၀ ခုနှစ်မှာ စီးပွားရေးကဏ္ဍ ဘာတွေအပြောင်းအလဲ ဖြစ်နိုင်မလဲဆိုတာက စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်ပါ။ အထူးသဖြင့် (၅)နှစ်ကျော်ကြာ ဈေးကျဆင်းနေတဲ့ အိမ်ခြံမြေဈေးကွက် ပြန်နာလန်ထူနိုင်မလားဆိုတာက မေးသင့်တဲ့ မေးခွန်း တစ်ခုပါပဲ။
သဘာဝရဲ့ဆွဲဆောင်မှုအပြည့်နဲ့ ကယားပြည်တခွင်လည်ပတ်ရန် အကောင်းဆုံးနေရာများ
ကယားပြည်နယ်ဟာ အခုနှစ်ပိုင်းအတွင်းမှာ လူကြိုက်များပြီး ဆွဲဆောင်မှုအပြည့်နဲ့ ခရီးသွားလုပ်ငန်းကဏ္ဍမှာ ထင်ရှားလာတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ အရင်ကတော့ ပဒေါင်တိုင်းရင်းသားလူမျိုးတွေကိုသာ လူသိများပေမယ့် အခုချိန်မှာတော့ သဘာဝ ဆန်တဲ့ အလှအပတွေနဲ့ နေထွက်၊ နေဝင်ချိန်မှာ တကယ့်ကို လှပတဲ့တောင်တန်းတွေကြောင့် ပြည်တွင်းခရီးသွားတွေကြား လူကြိုက်များလို့ လာနေပါပြီ။
ကမ္ဘာမှာ အပျော်ရွှင်ဆုံး နိုင်ငံ(၁၀)ခု
 ၂၀၁၉ ခုနှစ်အတွက် World Economic Forum က ထုတ်ပြန်တဲ့ ကမ္ဘာမှာ အပျော်ရွှင်ဆုံးနိုင်ငံများစာရင်း (World Happiness Report 2019) အရ ကမ္ဘာမှာအပျော်ရွှင်ဆုံးနိုင်ငံ(၁၀)ခုကို   BETV Business ကနေ ဖော်ပြပေးလိုက်ပါတယ်။
၂၀၁၉ တစ်နှစ်တာ မြန်မာ့စီးပွားရေး အခြေအနေများ
၀၁၉ ခုနှစ်ကတော့ စီးပွားရေးကဏ္ဍမှာ အပြောင်းအလဲကောင်းတွေ မြင်တွေ့ရသလို မလုပ်ဆောင်နိုင်သေးတဲ့ အချက်အလက် တွေလည်း ရှိနေပါတယ်။ အစိုးရအနေနဲ့ စီးပွားရေးကဏ္ဍကို ပြုပြင်ပြောင်းလဲတာတွေ စတင်လာတဲ့နှစ်လို့တောင် ပြောလို့ ရပါ တယ်။ ဒါကြောင့်လည်း ၂၀၁၉ ခုနှစ်ဟာ စီးပွားရေးကဏ္ဍမှာ အထိုက်အလျှောက် တိုးတက်မှုရှိလာခဲ့တဲ့ နှစ်တစ်နှစ်လို့ ဆိုရ မှာပါ။
စီးပွားရေးကဏ္ဍမှာ အမျိုးသမီး ဦးဆောင်သူတွေ တိုးတက်လာနေပြီလား
၂၀၁၇ ခုနှစ်က ကောက်ယူထားတဲ့ စစ်တမ်းအရ အသေးစားလုပ်ငန်းတွေမှာ ပိုင်ရှင်အချိုးအရ ယောင်္ကျားလေးက (၆၂) ရာခိုင် နှုန်းရှိပြီး အမျိုးသမီးဦးစီးတဲ့ လုပ်ငန်းက (၃၈) ရာခိုင်နှုန်းလောက် ရှိနေပါတယ်။ အမျိုးသမီးတွေအနေနဲ့ အသေးစားလုပ်ငန်းတွေ ရဲ့ (၂၃) ရာခိုင်နှုန်း၊ အငယ်စား (၂၁) ရာခိုင်နှုန်းနဲ့ အလတ်စား၊ အကြီးစားစီးပွားရေးလုပ်ငန်း (၁၃)ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြ တယ်လို့ ဆိုတယ်။ အမျိုးသမီးတွေအနေနဲ့ ကိုယ်ပိုင်လုပ်ငန်းပိုင်ဆိုင်မှုမှာလည်း အမျိုးသားတွေနဲ့  နှိုင်းယှဉ်ရင် အရမ်းနည်းပါးတဲ့ အခြေအနေတခု မဟုတ်ဘူး ဆိုတာတော့ သေချာပါတယ်။
ဘဏ်တွေမှာ MSME ချေးငွေယူမယ်ဆိုရင် ????
မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတခု လုပ်ကိုင်မယ်ဆိုရင် ကနဦးအခက်အခဲက ချေးငွေရရှိဖို့ပါ။အထူးသဖြင့် ဘဏ်ချေးငွေတွေ ရယူရမှာ လွယ်ကူမူမရှိခြင်းက အဓိကပြသာနာတခုပါပဲ။ အများစုက ဘဏ်လုပ်ငန်းဆောင်ရွက်ပုံ မသိတာတွေ ထောက်ခံချက် တွေ ရယူဖို့မသိတဲ့အချက်တွေကြောင့် ဖြစ်နေတာပါ။ ဒါကြောင့် သိလိုတာတွေ သိချင်တာတွေ ကို ဖော်ပြပေးလိုက်ပါတယ်။ 
Subscribe to အတွေးအမြင်