Skip to main content

ဦးအောင်နိုင်ဦးနှင့် စကားစမြည်

မြန်မာပြည်ကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နံှမှုတွေ ပိုမိုတိုးတက်စေဖို့ရယ် ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီး ရရှိစေဖို့ ရည်ရွယ်ချက်နဲ့ Myanmar Global Investment Forum ကို နေပြည်တော်မှာ စက်တင်ဘာလ (၁၀-၁၁) ရက်နေ့တွေမှာ ကျင်းပခဲ့ပါတယ်။


ဒီဖိုရမ်ကို အစိုးရတာဝန်ရှိသူတွေ၊ ပြည်တွင်း ပြည်ပ ဘဏ်တွေနဲ့ နိုင်ငံတကာက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။ မနေ့က ပြုလုပ်ခဲ့တဲ့ ဖိုရမ် ရဲ့ အဖွင့်မှာတော့ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်ဖို့ ဘာတွေ လုပ်သင့်သလဲဆိုတဲ့ခေါင်းစဉ်အောက်မှာ ပါဝင်ဆွေးနွေးခဲ့တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ အတွင်းရေးမှူးလည်းဖြစ် လက်ရှိ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်လည်း ဖြစ်တဲ့ ဦးအောင်နိုင်ဦးကို BETV က သီးသန့် မေးမြန်းထားတာကို တင်ဆက်ပေးလိုက်ပါတယ်။