Skip to main content

ထားဝယ်-ကန်ချနာပူရီ နှစ်လမ်းသွားအမြန်လမ်းလုပ်ပိုင်ခွင့်အတွက် မကြာမီတင်ဒါခေါ်ယူမည်

“ ထိုင်းဘက်က ငွေချေးပေးမယ့်အဖွဲ့ NEDA ( အိမ်နီးချင်းနိုင်ငံများ စီးပွားဖွံ့ဖြိုးတိုးတက်ရေး အကူညီပေးရေးအေဂျင်စီ)နဲ့အတူ ပြန်ပြီးတော့ စိစစ်မယ်။ ပြီးတာနဲ့ ချေးငွေသဘောတူညီချက် ရယူမယ်။ ပြီးရင် ဒီဟာအတွက် စပြီးတင်ဒါခေါ်မယ်။ တင်ဒါခေါ်ပြီး တာနဲ့ လုပ်ငန်းပရောဂျက်အမြန်ဆုံးစဖို့ စီစဉ်နေပါတယ်” ဟု ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး ဦးတင့်ထွန်းနိုင်က ပြောသည်။