Skip to main content

UMFCCI ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းမူကြမ်း ခေတ်ကာလနှင့်အညီ ကိုက်ညီမှုရှိစေရန် ရေးဆွဲထားခြင်းမရှိဟုဆို

“ လူတွေတော်တော်များများက ဒါနဲ့ပတ်သက်ပြီး ပြင်စေချင်ရင် လုပ်စေချင်ရင် ဘယ်က စပြောရမှန်းမသိဘူး။ သိတော့ သိတယ်။ ပြောရမှာခက်နေကြတယ်” ဟု မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းက ပြောသည်။

စက်တင်ဘာ (၁၄)ရက်က ပြုလုပ်ခဲ့သည့် ညီနောင်အသင်းကိုယ်စားလှယ်များနှင့် အသင်းဝင်များ၏ ကုန်သည်စက်မှုအသင်းချုပ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းမူကြမ်းအပေါ် ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။