Skip to main content

ဘဏ်အတိုးနှုန်းကို ပုဂ္ဂလိကဘဏ်များမှ လွတ်လပ်စွာသတ်မှတ်နိုင်သည်အထိ ဖြေလျှော့ပေးသွားမည်ဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌပြော

ပုဂ္ဂလိကဘဏ်များအနေဖြင့် မိမိမူဝါဒအရ အတိုးနှုန်းများကို လွတ်လပ်စွာသတ်မှတ်နိုင်သည့် အခြေအနေရောက်ရှိစေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ဒုတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက်အစည်းအဝေးတွင် ပြောကြားခဲ့သည်။