အဓိကအကြောင်းအရာသို့ သွားမည်

YBS ယာဉ်လိုင်းကုမ္ပဏီများမှ YRTA သို့  ပေးသွင်းရသည့် စီမံကိန်းအုပ်ချုပ်မှုအား ကင်းလွတ်ခွင့်ပြု

ရန်ကုန်၊ မတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံသို့ ခရီးသည်တင် (YBS) ယာဉ်လိုင်းကုမ္ပဏီများမှ ပေးသွင်းနေရသည့် စီမံအုပ်ချုပ်မှုကြေးအား ယခုမတ်လ ၂၇ ရက်မှစတင်ကာ ကင်းလွတ်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် YBS ယာဉ်များအနေဖြင့် YRTA သို့ အုပ်မှုကြေးအဖြစ် နေ့စဉ် (၄၀၀၀) ကျပ် ပေးသွင်းရတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဦးလှအောင်က ဆိုပါတယ်။

"မတ်လ ၂၇ ရက်ကနေ ဧပြီလ ၃၀ ရက်နေ့အထိ ပေးသွင်းရမယ့် အုပ်ချုပ်မှု ကြေးကို ဆိုင်းငံ့ထားလိုက်တယ်" လို့ ဦးလှအောင်က ဆိုပါတယ်။

 

ADV

 

ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရန် ပြေးဆွဲနေသည့် YBS ယာဉ်များအား ထောက်ပံ့သည့်အနေဖြင့် ယင်းသို့ ကင်းလွှတ်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး တစ်ရက်လျှင် YBS ယာဉ်အစီးရေပေါင်း (၄၅၀၀) ခန့်ပြေးဆွဲလျက်ရှိတယ် လို့ သိရပါတယ်။

ဒါ့အပြင် YRTA အနေဖြင့် COVID-19 ရောဂါကို တားဆီးကာကွယ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ YBS ယာဉ်များပေါ်တွင် COVID1-19 ရောဂါအတွက် လိုက်နာ ရမည့်အချက်များကို စတစ်ကာများ ကပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်း၊ YBS ယာဉ်များ အပေါ်တွင် လက်သန့်ဆေးရည်များ ထားရှိခြင်း၊ ကားဂိတ်၊ ရထားဂိတ်များတွင်လည်း လက်ဆေးကန်များ ထားရှိ ခြင်း၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းတို့ကို ယာဉ်လိုင်းကုမ္ပဏီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရေးသားသူ - မိစုစုမာ