အဓိကအကြောင်းအရာသို့ သွားမည်

သယ်ယူစရိတ်မြင့်တက်ခြင်းကြောင့် ရခိုင်ပြည်နယ်တွင် အခြေခံစားကုန်ဈေးနှုန်းအချို့ လိုက်ပါမြင့်တက်

‘‘ဆီဈေးနည်းနည်းတက်တယ်။ စားသောက်ကုန်ဆိုလည်း ဆန်တို့ ကြက်သွန်တို့။ အဓိကတော့ ဆီပေါ့ဗျာ။ ဆီနည်းနည်း၊ ဆန်နည်းနည်း ဈေးတက်တယ်။ တက်တယ်ဆိုတာက ပြည်မဘက်မှာ အဲလိုဖြစ်နေကြတော့ သယ်ယူစရိတ်ကြောင့် တက်တယ်လို့တော့ ထင်တယ်’’ဟု ကုန်သွယ်လုပ်ငန်းရှင်ဖြစ်သည့် ဦးအောင်မြင့်သိန်းက ပြောသည်။
ဆိုင်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)အပေါ် တိုင်းပြည်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကန့်သတ်လိုက်သကဲ့သို့ ဖြစ်နေကြောင်း ကုန်သည်/စက်မှုအသင်းချုပ်(UMFCCI) က စီးပွားရေးရှုထောင့်မှ မှတ်ချက်ပြု၊ စောလျင်စွာ ပြဌာန်းမည့် အစီအစဉ်ကို ကန့်ကွက်ကြောင်း ကြေညာ
မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်စီးပွားရေးကို အဓိကမောင်းနှင်မည့်သူများက လူငယ်များဖြစ်ကြပြီး ယင်းတို့၏ ဆန်းသစ်တီထွင်မှုအတွက် ကြီးမားသည့်အဟန့်အတားများ ဖြစ်ပေါ်နိုင်တာကြောင့် တိုင်းပြည်၏ အနာဂါတ်ဖွံ့ဖြိုးတိုးတက်မှုအား ကန့်သတ်လိုက်သကဲ့သို့ ဖြစ်နေကြောင်း ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ထုတ်ပြန်ထားသည်။
CNG အရောင်းဆိုင်အားလုံး ပိတ်ထား၊ YBS ယာဉ်လိုင်းအများစု ပြေးဆွဲမှု ရပ်သွားပြီဟုဆို
ရန်ကုန်မြို့အနှံ့ ဖြစ်ပေါ်နေသည့် #CDM Campaign တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက ဝန်ထမ်းတွေလည်း ပါဝင်လာခဲ့ပြီးနောက် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ကစပြီး CNG အရောင်းဆိုင်အားလုံး ပိတ်လိုက်ရခြင်းဖြစ်သည်။
ကုန်စည်စီးဆင်းမှု ရပ်လုနီးပါး အခြေအနေတွင် ရှိနေကြောင်း အဝေးပြေးကုန်စည်ပို့ဆောင်ရေးအသင်းပြော၊ စားကုန်များ ဈေးနှုန်းကြီးမြင့်လာနိုင်ဟုဆို
ကုန်တင်ယာဉ်အသွားအလာက မရှိသလောက် နည်းပါးသွားပြီး ဆန္ဒပြုမှုတွေ ပေါ်လာပြီးနောက် #CDM Campaign ကို ထောက်ခံလာခြင်းကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်မိုးက BETV Business ကို ပြောသည်။
စစ်တပ်၏ အာဏာသိမ်းဖြစ်စဉ်ကြောင့် စင်ကာပူ Puma Energy လုပ်ငန်းတွေ ယာယီရပ်နားလိုက်ရပြီ
Puma Energy Group က ကုမ္ပဏီ၏ ဝန်ထမ်းများနှင့် မိတ်ဖက်လုပ်ငန်းများ၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်ပေးနိုင်ရန်အတွက် လုပ်ငန်းများအားလုံးကို ယခုကဲ့သို့ ရပ်ဆိုင်းထားရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ကြေညာထားသည်။
မြန်မာအစိုးရ၏ ရန်ပုံငွေ ဒေါ်လာသန်း(၁၀၀၀)ကို စစ်ဗိုလ်ချုပ်များ မတရားရယူမှုမှ တားဆီးသွားရန် ဆောင်ရွက်နေပြီဟု ကန်သမ္မတ ဂျိုးဘိုင်ဒန်ပြော
“အာဏာသိမ်းခေါင်းဆောင်တွေအပေါ် နောက်ဆက်တွဲအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မယ့် အရေးယူဆောင်ရွက်မှုအစီအစဉ်တွေကို ဒီနေ့ ကျွန်တော်ကြေညာပါမယ်’’ ဟု ဂျိုးဘိုင်ဒန်က ပြောကြားထားကြောင်း ကန်သံရုံးက ဖော်ပြထားသည်။
စစ်တပ်၏ အာဏာသိမ်းဖြစ်စဉ်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် ရှမ်းတောင်ထောပတ်သီးထုတ်ပိုးစက်ရုံနှင့် ချင်းတောင် ဝဥလွှာခြောက်စက်ရုံစီမံကိန်းများ ရွှေ့ဆိုင်းခံလိုက်ရ
လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအပြောင်းအလဲ(စစ်တပ်၏ အာဏာသိမ်းဖြစ်စဉ်)ကြောင့် အမေရိကန်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် ရှမ်းတောင် ထောပတ်သီးထုတ်ပိုးစက်ရုံစီမံကိန်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် ချင်းတောင် ဝဥလွှာခြောက်၊ အမှုန့်၊ စားသောက်ကုန်စက်ရုံစီမံကိန်းတို့ ရွှေ့ဆိုင်းခံလိုက်ရသည်။
Subscribe to COVID-19 News