အဓိကအကြောင်းအရာသို့ သွားမည်

အိန္ဒိယအစိုးရက ပဲမျိုးစုံ အကန့်အသတ်မရှိ တင်ပို့ခွင့်ကို မြန်မာထံ ပြန်လည်ပေးအပ်

အိန္ဒိယ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း(IPGA)ရဲ့ ဥက္ကဌဖြစ်သူ Mr. Jitu Bheda က ဈေးကွက်အတွင်း ပဲမျိုးစုံလက်ကျန် နည်းနေချိန် ပဲမျိုးစုံလွတ်လပ်စွာတင်သွင်းခွင့်ပြုရေးဗဟိုဌာနရဲ့ ဆုံးဖြတ်ချက်အပေါ် ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး ပဲစဉ်းငုံတန်ချိန် (၂)သိန်းခွဲ၊ မတ်ပဲတန်ချိန် (၁)သိန်းခွဲနဲ့ ပဲတီစိမ်းတန်ချိန် (၅)သောင်းမှ (၇)သောင်းခွဲခန့်ကို လျင်မြန်စွာတင်သွင်းနိုင်မှာဖြစ်ကာ ဒီလိုအပ်ချက်တွေကို မြန်မာ၊ အာဖရိကနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ တင်သွင်းမှုကနေ ဖြည့်ဆည်းပေးနိုင်မယ်လို့ ဆိုထားပါတယ်။
အိန္ဒိယသို့ ခရီးသွားခဲ့သူများကို မြန်မာက ပြည်ဝင်ခွင့် ခေတ္တပိတ်၊ မေ (၃၁) အထိ ဝင်ရောက်ခွင့် ကန့်သတ်ထား
လက်ရှိ အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ အရှိန်အဟုန်မြင့် ကူးစက်ပြန့်ပွားမှုအခြေအနေတွေကြောင့် ယခုလို နိုင်ငံအတွင်း ဝင်ရောက်ခွင့်ကို ခေတ္တပိတ်ထားခြင်းဖြစ်တယ်လို့လည်း အိန္ဒိယသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရန်ပုံငွေစာရင်းစတင်ဖွင့်လှစ်သည့်နေ့မှ ဧပြီ (၂၃)အထိ ကိုဗစ်ကာကွယ်ဆေးဝယ်ယူရေးရန်ပုံငွေ ကျပ်သန်း(၃၁၀၀၀)ဝန်းကျင်နှင့် ကန်ဒေါ်လာ (၂၅၃) သန်းကျော် ရရှိထား
အိန္ဒိယ Serum Institute of India (SII) က ထုတ်လုပ်တဲ့ Covidshield အလုံးရေ သန်း (၃၀) ဝယ်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးရန်ပုံငွေထဲက ကန်ဒေါ်လာ (၇၅) သန်းကို ပေးချေထားပြီးဖြစ်လို့ နိုင်ငံခြားငွေစာရင်းမှာ ကန်ဒေါ်လာ (၁၇၈) သန်းကျော် ကျန်ရှိတယ်လို့ သိရပါတယ်။
လာမည့်နှစ် အိန္ဒိယက မတ်ပဲတန်ချိန် (၄)သိန်းတင်ပို့ခွင့်ပြုသဖြင့် ပဲဈေးကွက် အလားအလာကောင်းလာနိုင်
“အရင်နှစ်ကတော့ နှစ်ခါခွဲ ပေးတာပေါ့ဗျာ။ ဒီနှစ်ကတော့ တစ်ခါတည်းပဲ လာမယ့်နှစ်ကို ဝယ်မှာက တန်ချိန် (၄)သိန်းဆိုပြီး ဖြစ်လာတာပေါ့။ အချိန်ကန့်သတ်ချက်တွေကတော့ ရှိနေတုန်းပဲ” လို့ ဦးစိုးဝင်းမောင်က ပြောပါတယ်။
အိန္ဒိယမှ ဗုဒ္ဒဂယာဘုရားဖူးဧည့်သည်များကို ဝင်ခွင့်မပေးတော့ဟုဆို

နိုင်ငံတော်သမ္မတ၏အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း စွမ်းအင်၊ ဆက်သွယ်ရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံနှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် သဘောတူညီမှုရရှိ
နှစ်နိုင်ငံ သဘောတူညီမှုစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများ လဲလှယ်ပွဲကို Hyderabad House ရှိ Kailash Room မှာ ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီတို့လည်း တက်ရောက်ခဲ့တယ်လို့ နိုင်ငံပိုင်းသတင်းစာများမှာ ဖော်ပြထားပါတယ်။
Subscribe to India