အဓိကအကြောင်းအရာသို့ သွားမည်

NLD အစိုးရအဖွဲ့သစ်နှင့် ဆောက်လုပ်ရေးကဏ္ဍ မျှော်လင့်ချက်

NLD အစိုးရအဖွဲ့သစ်နှင့် ဆောက်လုပ်ရေးကဏ္ဍ မျှော်လင့်ချက်

++++++++++++++++++++++++++++++++++++++++++

"ကျွန်တော်တို့ကတော့ NLD ဆက်ပြီး တာဝန်ယူမှာကို ဝမ်းလည်း ဝမ်းသာပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် အစိုးရက တစ်ဆက်တည်း (တစ်ခါတည်း) ဆိုရင် ကျွန်တော်တို့ နည်းနည်းလေး အခက်အခဲတွေ့မယ်။ အစိုးရ စစတက်တုန်းက ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးဆိုပြီး အချိန်တွေ အများကြီး ပေးခဲ့ပြီ။ နောက်ပိုင်းမှာလည်း ဒါ စီးပွားရေးကအရေးကြီးတယ်ဆိုတာကို သိလာတာဖြစ်တဲ့အတွက် မူဝါဒတွေလည်း တဖြည်းဖြည်းပြောင်းလာတာ အခြေအနေတစ်ခုကို ရောက်ပြီထင်ပါတယ်။ ဒါ့ကြောင့်မို့ အခု NLD အစိုးရကပဲ ဆက်နိုင်တဲ့အတွက် နောက်လာမယ့် သက်တမ်းမှာတော့ ပြည်သူတွေရော စီးပွားရေးသမားတွေအတွက် ပိုမိုကောင်းမွန်တဲ့ အခြေအနေကို ရောက်ရှိမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ယုံလည်း ယုံကြည်ပါတယ်"

နိုဝင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၂၀၂၀ ပါတီစုံ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီပါတီ(NLD)က ပြိုင်ဘက်ပါတီတွေကို မဲအသာနဲ့ အနိုင်ရခဲ့ပြီး ဒုတိယမြောက် အစိုးရသက်တမ်းကို ဆက်လက်တာဝန်ယူခွင့်ရရှိခဲ့ပါတယ်။ ပထမသက်တမ်းတုန်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဦးစားပေးအဖြစ် လုပ်ကိုင်ခဲ့ရာကနေ ဒုတိယသက်တမ်းအတွက်တော့ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးလုပ်ငန်းစဉ်တွေကို မျှခြေအနေအထားနဲ့ ဆောင်ရွက်ပေးဖို့ စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက လိုလားနေကြပါတယ်။ အဲ့ဒီအထဲမှာ ဆောက်လုပ်ငန်းရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းအနေနဲ့ NLD အစိုးရအဖွဲ့ရဲ့ ဒုတိယသက်တမ်းအပေါ် ဘာတွေမျှော်လင့်ထားပါသလဲ။ BETV Business က မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ် MKT ဆောက်လုပ်ရေးရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဦးမျိုးမြင့်ကို အခုလိုပဲ တွေ့ဆုံမေးမြန်းထားပါတယ်။

ဆက်စပ် အကြောင်းအရာများ (Tags)