အဓိကအကြောင်းအရာသို့ သွားမည်

တပ်မတော်အာဏာသိမ်းမှုကြောင့် အီးယူနိုင်ငံများအပါအဝင် အနောက်နိုင်ငံအချို့ကို မြန်မာ့ရေထွက်ကုန်တင်ပို့ရောင်းချရန် ညှိနှိုင်းပြင်ဆင်ထားမှုများ ယာယီရပ်တန့်သွားနိုင်

"တပ်မတော်အာဏာသိမ်းမှုကြောင့် အီးယူနိုင်ငံများအပါအဝင် အနောက်နိုင်ငံအချို့ကို မြန်မာ့ရေထွက်ကုန်တင်ပို့ရောင်းချရန် ညှိနှိုင်းပြင်ဆင်ထားမှုများ ယာယီရပ်တန့်သွားနိုင်"

သတင်းအပါအဝင် ဖေဖော်ဝါရီလ ၃ ရက်နေ့ #ည #စီးပွားရေး နှင့် #COVID_19 သတင်းများ။

▶ အမေရိကန်ဒေါ်လာ (၁) ဘီလီယံပမာဏရှိ Yangon Smart & Eco City စီမံကိန်း ရပ်နားလိုက်ပြီဖြစ်ကြောင်း Amata လုပ်ငန်းစုကြေညာ။ 

▶  (၅)ထောင်နှင့် (၁)သောင်းကျပ်တန် ရုပ်သိမ်းမည့်သတင်း ကောလဟာလသာဖြစ်၊ သတင်းမှားဟု ဗဟိုဘဏ်ထုတ်ပြန်ကြေညာ။

▶ တစ်ရက်အတွင်း အမေရိကန်ဒေါ်လာဈေး ကျပ်(၅၀)ဝန်းကျင်အထိ စံချိန်တင်မြင့်တက်၊ နိုင်ငံရေးအပြောင်းအလဲအပေါ် အခွင့်ကောင်းယူပြီး ဈေးကစားခြင်းဟု ငွေကြေးဈေးကွက်ကျွမ်းကျင်သူအချို့သုံးသပ်။

▶ နိုင်ငံရေးအပြောင်းအလဲကြောင့် ပြည်သူအချို့ စိုးရိမ်ထိတ်လန့်ပြီး ရွှေစုဆောင်မှုများလာ၊ စံချိန်တင်ဈေးတန်းထက်ကျော်လွန်ပြီး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁၃ သိန်း ၅ သောင်းကျော်အထိ ရောက်ရှိလာ။

▶ တပ်မတော်၏ အာဏာသိမ်းမှုဖြစ်စဉ်ဂယက်ကြောင့် အီးယူနိုင်ငံတွေအပါအဝင် အနောက်နိုင်ငံအချို့ကို မြန်မာ့ရေထွက်ကုန်တင်ပို့ရောင်းချရန် ညှိနှိုင်းပြင်ဆင်ထားမှုများ ယာယီရပ်တန့်သွားနိုင်။
#BETV
#Business
#Military_Coup #Coup #Civilian_Leaders_Government

ဆက်စပ် အကြောင်းအရာများ (Tags)