အဓိကအကြောင်းအရာသို့ သွားမည်

မွန်ပြည်နယ်တွင် စည်သွပ်ဘူးစက်ရုံ၊အစာချက်စက်ရုံတို့အပါအဝင် ရေထွက်ကုန်အဆင့်မြှင့်တင်မှုလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်

မွန်ပြည်နယ်တွင် စည်သွပ်ဘူးစက်ရုံ၊အစာချက်စက်ရုံတို့အပါအဝင် ရေထွက်ကုန်အဆင့်မြှင့်တင်မှုလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်+++++++++++++++++++

 

မွန်ပြည်နယ်ရဲ့ ရေလုပ်ငန်းကဏ္ဍမှာ ရေထွက်ကုန်တွေကို အဆင့်မြှင့်တင်နိုင်ဖို့အတွက် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်နေတယ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်းရှင်များအသင်းထံက သိရှိရပါတယ်။

 

မွန်ပြည်နယ်ကနေ နှစ်စဉ်ရေထွက်ကုန် တန်ချိန် တစ်သိန်းကနေ နှစ်သိန်းကြား ထွက်ရှိနေပြီး တရုတ်နိုင်ငံကို အဓိက အားထားပြီး တင်ပို့နေရတာလည်း ဖြစ်ပါတယ်။

 

ငါးဆီသွတ်ဘူးစက်ရုံ၊ အစာချက်စက်ရုံနဲ့ အအေးခန်းစက်ရုံအတွက် ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ဖိတ်ခေါ်တာဖြစ်ပြီး လိုအပ်တဲ့ ကုန်ကြမ်းတွေကို ပံ့ပိုးပေးမှာ ဖြစ်တယ်လို့ မွန်ပြည်နယ်ငါးလုပ်ငန်းရှင်များအသင်း၊ ဥက္ကဌ ဦးမြင့်စိုးက ပြောပါတယ်။

 

လက်ရှိမှာတော့ လာရောက်ရင်းနှီးမြှုပ်နှံဖို့အတွက် ကမ်းလှမ်းမှု ဖိတ်ခေါ်တာကြာပြီဆိုပေမယ့် ဒီအပေါ်မှာ အစိုးရအနေနဲ့ ပူးပေါင်းပေးနိုင်ဖို့အတွက်လည်း လိုအပ်တယ်လို့ ဦးမြင့်စိုးက အခုလို ပြောပြထားပါတယ်။

 

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါ)

သတင်းထောက် - မိစုစုမာ