အဓိကအကြောင်းအရာသို့ သွားမည်

ပြည်ပသကြားဝင်ရောက်မှုနည်းပါချိန် ပြည်တွင်းသကြားဝယ်လိုအားများသဖြင့် ဈေးမြင့်တက်လာ

ပြည်ပသကြားဝင်ရောက်မှုနည်းပါချိန် ပြည်တွင်းသကြားဝယ်လိုအားများသဖြင့် ဈေးမြင့်တက်လာ +++++++++++++++++++

 

ပြည်တွင်းမှာ သကြားဈေးနှုန်းတွေ မြင့်တက်နေပြီး ဝယ်လိုအားများနေတယ်လို့ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း၊ ဒုဥက္ကဌ ဦးဝင်းဌေးက BETV Business ကို ပြောပါတယ်။ ပြည်ပက တင်သွင်းနေတဲ့ သကြားတွေဟာ ဈေးနှုန်းမြင့်တက်နေပြီး ဝင်ရောက်မှုနည်းပါးနေတဲ့အတွက်ကြောင့် ပြည်တွင်းသကြားဝယ်ယူမှု များပြားလာချိန်မှာ ဈေးကောင်းရရှိနေတာပဲ ဖြစ်ပါတယ်။

 

မြန်မာသကြားတွေဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဈေးနှုန်းသက်သာတဲ့အပြင် တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေကလည်း သူတို့ရဲ့ လိုအပ်ချက်တွေကြောင့် ဝယ်ယူမှုတွေ များပြားလျက်ရှိပါတယ်။ ဒါပေမယ့် ဈေးနှုန်းကိုက်ညီမှု မရှိတဲ့အတွက် ရောင်းချနိုင်မှု နည်းပါးနေသေးတယ်လို့ ဦးဝင်းဌေးက ဆိုထားပါတယ်။ လက်ရှိမှာ သကြားဈေးကောင်းရရှိနေပေမယ့် ကြံစိုက်ပျိုးမှု လျော့နည်းနေပြီး တောင်သူတွေအနေနဲ့ အခြားသီးနှံတွေကို ပြောင်းလဲစိုက်ပျိုးလာတာတွေကြောင့် လာမယ့်နှစ်တွေမှာ ကြံစိုက်ပျိုးမှု လျော့နည်းသွားနိုင်တယ်လို့ သိရပါတယ်။

 

လက်ရှိ တက်ဈေးနဲ့ ရောင်းချနေရတဲ့ သကြားစက်လုပ်ငန်းရှင်တွေအနေနဲ့ ကြံစိုက်တောင်သူတွေကို ထပ်ဆောင်းကြံဖိုး ပြန်လည်ပေးဆောင်မှသာ ကြံစိုက်ဧက လျော့နည်းတာကို ကာကွယ်နိုင်မယ်လို့ ဦးဝင်းဌေး BETV Business ကို ပြောဆိုထားပါတယ်။

 

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါ)

သတင်းထောက် - မိစုစုမာ

ဆက်စပ် အကြောင်းအရာများ (Tags)