အဓိကအကြောင်းအရာသို့ သွားမည်

မန္တလေးမြို့တွင် Grabfood ကို ယခုနှစ်အတွင်း အကောင်အထည်ဖော်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

Grab အနေနှင့်  ၂၀၂၀ ခုနှစ်တွင် အစားအသောက်သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတခုဖြစ်သည့် Grabfood အား မန္တလေးမြို့ တွင် စတင်အကောင်အထည်ဖော်ဖို့ရှိတယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်မြို့မှာ Grabfoodကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ လုပ်ဆောင်ခဲ့ပြီး အောင်မြင်လာသည့်အတွက်ထပ်မံ၍ မန္တလေးမြို့ တွင် တိုးချဲ့ဆောင်ရွက်လာဖို့လုပ်ဆောင်နေတာလို့လည်း Grab က တာဝန်ရှိသူက ပြောပါတယ်။

ရန်ကုန်က Grabfood ဝန်ဆောင်မှုဟာ ပို့ဆောင်ရန်ကြာချိန်က ပျမ်းမျှမိနစ် (၃၀) အတွင်း အရောက်ပို့ဆောင်ပေးနိုင်ပြီးမှာယူမှု အများဆုံးက ကြက်ကြော်၊ မြန်မာအစားအစာနဲ့ Bubble Tea တို့ဖြစ်ပြီး (၃) လတာအတွင်း အောင်မြင်လာတဲ့ဝန်ဆောင်မှုတစ် ခုဖြစ်တယ်လို့ Grab က ဆိုပါတယ်။

Grabfood ဟာ အော်ဒါမှာယူမှုပမာဏ၊ ရွေးချယ်စရာအများဆုံးသော မိတ်ဖက်စားသောက်ဆိုင်နဲ့ အလျင်မြန်ဆုံးသယ်ယူပို့ ဆောင်ရေးအချိန်တို့အားဖြင့် မြန်မာနိုင်ငံတွင် ထိပ်တန်းအစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုပေးလာသူ ဖြစ်လာရန် ရည် ရွယ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ADV

 

မန္တလေးမြို့မှာရှိတဲ့ဒေသခံစားသောက်ဆိုင်များနှင့် သယ်ယူပို့ဆောင်ရေးမိတ်ဖက်များအတွက် ဆောင်ရွက်စေရန်ဒုတိယမြောက် ခြေလှမ်းအဖြစ် Grabfood ကို ၂၀၂၀ ခုနှစ်အတွင်း ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ထားတာပါ။

Grabfood သုံးစွဲဖို့အတွက် Grab app ကိုသာ အသုံးပြုရုံနဲ့ အစားအသောက်တွေကို မှာယူနိုင်အောင် စီစဉ်ထားတာဖြစ်ပြီး အသေးစားလုပ်ငန်းတွေနဲ့ စားသုံးသူကြား ချိတ်ဆက်ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Grab ဟာ အရှေ့တောင်အာရှနိုင်ငံ (၈)နိုင်ငံက မြို့ပေါင်း (၃၃၉) မြို့မှာ ဝန်ဆောင်မှုပေးနေပြီး ကွန်ယက်အတွင်း အသေးစား လုပ်ငန်းရှင် (၉) သန်းကျော်ရှိပါတယ်။

ရေးသားသူ - ဆလိုင်းထွန်းထွန်း