အဓိကအကြောင်းအရာသို့ သွားမည်

Handmade Invitation တွေကို ဖန်တီးရင်း ဘဝရပ်တည်မှုတစ်ခုရရှိလာသူ ဒေါ်သီရိဝေလွင်

 

ရန်ကုန်၊ ဖေဖော်ဝါရီ

ဘဝတစ်သက်စာ ရွှေလက်တွဲကြမယ် မင်္ဂလာမောင်မယ်တွေအနေနဲ့ သူတို့ရဲ့ တစ်သက်စာအမှတ်တရတွေကို ယူဆောင်သွားနိုင်ဖို့အတွက် အကောင်းဆုံးနှင့် အလှဆုံးကို ရွေးချယ်တက်ကြပါတယ်။

ဒါ့အတူ ခေတ်နှင့်အညီ အဝတ်အစားတွေကို ရွေးချယ်လေ့ရှိသလို မင်္ဂလာဖိတ်စာ၊ ပြန်ကမ်းလက်ဆောင် အပါ အဝင် ဒီခေတ်မှာတော့ လက်ထပ်စာချုပ်ကိုပါ အထူးအော်ဒါမှာလေ့ရှိလာပါတယ်။

ဒီလိုမှာယူရာမှာတော့ ပုံနှိပ်ဖိတ်စာတွေအစား လက်နှင့် တစ်ခုချင်းစီကော်ကပ်ထားပြီး ရိုးရှင်းတဲ့ဖိတ်စာလေးတွေ ခေတ်စားလို့ လာပါတယ်။

ဒီလို Handmade Invitation တွေကို ဖန်းတီးနေသူတွေအထဲက THIRI Handmade Invitation ရဲ့ တည်ထောင် သူ မသီရိဝေလွင် အကြောင်းကို ပြောပြပေးဖို့ ရှိပါတယ်။

သူမက ကျောင်းဆရာမတစ်ဦးအဖြစ်  ရန်ကုန်မြစ်ရဲ့တစ်ဖက်ကမ်း တွံတေးမြို့အနီးမှာ (၁၀) နှစ်ကျော် တာဝန် ထမ်းဆောင်ခဲ့သူပါ။

၂၀၀၅ ခုနှစ်ကစပြီး မူလတန်းပြဆရာမအနေနဲ့ တာဝန်ကျတယ်၊ အဲကျောင်းမှာဘဲ အလယ်တန်းပြအထိ လုပ်ခဲ့တယ်” လို့ကျောင်းဆရာမဘဝ ဖြတ်သန်းခဲ့ရပုံကို ပြောပြပါတယ်။

သူမတာဝန်ထမ်းဆောင်ချိန် သူမတာဝန်ကျရာနေရာကို အမျိုးသားကလိုက်ပါရင်း ကျောင်းအနီးမှာ မိတ္ထူနှင့် ပုံနှိပ် ဖိတ်စာလုပ်ငန်းကို ၂၀၀၇ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။

သူမရဲ့အမျိုးသားလုပ်ငန်းကို ပါဝင်လုပ်ကိုင်ပေးလေ့ရှိရာက ၂၀၁၃ ခုနှစ်အရောက်မှာတော့ အင်တာနက်စာမျက်နှာ တွေကနေ Handmade ဖိတ်စာ ပြုလုပ်ပုံတွေကို လေ့လာရင်းစိတ်ပါဝင်စားမှုရှိခဲ့တာကြောင့် လုပ်ငန်းစတင်လုပ် ကိုင်ဖို့ ဖြစ်လာတယ်လို့ ပြောပြပါတယ်။

နွေရာသီကျောင်းပိတ်ရက်မှာ Youtube ကနေ တွေ့ပြီး စိတ်ဝင်စားလို့ လိုက်လုပ်ကြည့်ရင်း ဝါသနာပိုပါသွားတာ။ ရန်ကုန်မှာကျန်ခဲ့တဲ့ သမီးကိုလဲ စိတ်မချ ဒီဘက်ပိုင်းမှာလဲ ပိုစိတ်ပါလာတော့ ၂၀၁၆ ခုနှစ်မှာ ဆရာမအလုပ်က အပြီးထွက်လိုက်ပြီး ဒီအလုပ်ကိုဘဲ အာရုံစိုက်လိုက်တော့တာ” လို့ သူမရဲ့ ကျောင်းဆရာမဘဝကို အဆုံးသတ်ပြီး Handmade လုပ်ငန်း စတင်ဖြစ်ခဲ့ပုံကို ပြောပြခဲ့ပါတယ်။

02

သူမအနေနှင့် ကိုယ်ပိုင်ဒီဇိုင်းကို ထုတ်လုပ်နိုင်ဖို့ အမြဲတွေးနေသလို ခေတ်ရေစီးကြောင်းအရ ဖိတ်စာနှင့် ပြန်ကမ်းလက်ဆောင်အပြင် လက်ထပ်စာချုပ်ကိုပါ ပူးတွဲလုပ်ကိုင်နေတယ်လို့ဆိုပါတယ်။

အခုခေတ်က အရင်လိုမဟုတ်ဘူး။အရင်တုန်းက လက်ထက်စာချုပ်က ရိုးရိုးစာချုပ်လောက်ဘဲ လုပ်ကြတာ။ အခုနောက်ပိုင်းက သူတို့ဝတ်မယ့် အဝတ်အစားနဲ့အတူ စာချုပ်တွေကို လုပ်လာကြတယ်။ အဲလို လုပ်တာကို ပိုသဘောကျလာကြတယ်ပေါ့” လို့ လက်ရှိဈေးကွက်အတွင်းရှိ အခြေအနေကိုလဲ ပြောပြခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ Handmade ဖိတ်စာ လုပ်ငန်းကို လုပ်ကိုင်သူတွေ များလာပြီး။ ဈေးကွက်အတွင်းမှာလဲ ဈေးနှုန်းပြိုင်ဆိုင်မှုတွေ များလာတယ်လို့ ပြောပြခဲ့ပါသေးတယ်။

03

ဒါအပြင် Handmade ရက်တိုသင်တန်းတွေလဲ ရှိနေတာကြောင့် လုပ်ကိုင်သူတွေလဲ တစ်နှစ်ထက်တစ်နှစ် တိုးလာနေတယ်လို့ဆိုပါတယ်။

သင်တန်းတွေတက်ပြီး ဆိုင်တွေဖွင့်ကြတယ်။ တော်တော်များများက ကိုယ်တိုင်လေ့လာတာထက် သင်ပေးလိုက် တာကိုဘဲ လုပ်နေကြတော့ ဒီဇိုင်းအသစ်က ထွက်မလာဘူး။ သင်တန်းက သင်ပေးလိုက်တာထက် ကိုယ်တိုင် လေ့ လာပြီး တွေးနိုင်မှသူများနဲ့မတူတဲ့ ဒီဇိုင်းတွေကိုရရှိနိုင်မှာ” လို့ ဈေးကွက်အတွင်းက ဒီဇိုင်းအခြေအနေကိုလဲ ပြောပြ ခဲ့ပါတယ်။

ဒေါ်သီရီဝေလွင်အနေနှင့် ဈေးကွက် Handmade ဈေးကွက်အတွင်းမှာ ဈေးနှုန်းယှဉ်ပြိုင်ခြင်းထက် ဒီဇိုင်ပိုင်းမှာ ယှဉ်ပြိုင်နိုင်အောင် အစဉ်ကြိုးစားသွားမှာဖြစ်တယ်လို့လည်း ပြောပြခဲ့ပါသေးတယ်ရှင်။

ရေးသားသူ - ထက်ထက်အောင်

BETV Business, Business Bee, BETV Article , Handmade, THIRI Handmade Invitation