အဓိကအကြောင်းအရာသို့ သွားမည်

ဒေါ်လာဈေးကျဆင်းမှု နှင့် နောက်ကွယ်ဂယက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

၂၀၂၀ နှစ်ဆန်းမှာ ထူးခြားချက်အနေနဲ့ ငွေကြေးလဲလှယ်မှုနှုန်းတွေဟာ တောက်လျောက်ကျဆင်းနေတာကြောင့် မြန်မာကျပ်ငွေ ပြန်မာလာနေတာလားလို့ တွေးယူစရာ ဖြစ်နေပါတယ်။ 

အမေရိကန်ဒေါ်လာနဲ့ငွေကြေးလဲလှယ်မှုနှုန်း ဟာ တစ်ဒေါ်လာကို ကျပ် (၁၅၀၀)အောက်လုံးဝပြန်မရောက်နိုင်တော့ဘူးလို့ငွေကြေးဈေးကွက်အကျိုးဆောင်တွေက မှန်းဆထားခဲ့ပေမယ့် ၂၀၁၉ နှစ်ကုန်ပိုင်းလောက်ကစတင်ကာ ကျဆင်းခဲ့တာပဲဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာလဲလှယ်နှုန်း ခြောက်လဆက်တိုက်ကျဆင်း

ပြည်တွင်းငွေကြေးလဲလှယ်မှုနှုန်းဟာ (၆)လဆက်တိုက်ကျဆင်းနေပြီး  အမြင့်ဆုံးအနေနဲ့ အမေရိကန်တစ်ဒေါ်လာကို ကျပ်(၁၅၆၀) ဝန်းကျင်ကနေ တောက်လျောက်ကျဆင်းသွားခဲ့တာပါ။ ဘာကြောင့်ဒေါ်လာငွေလဲလှယ်မှုနှုန်းတွေ ကျ ဆင်းလာတာလဲ။

လက်ရှိ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့ ငွေကြေးလဲလှယ်မှုနှုန်းဟာ တစ်ဒေါ်လာကို ကျပ် (၁၄၄၈) ဖြစ်တဲ့အ တွက် ၂၀၁၈ ခုနှစ် သြဂုက်လ (၂)ရက်နေ့ က ငွေကြေးလဲလှယ်မှုနှုန်းနဲ့ တူညီနေတာမို့ နှစ်နှစ်ခွဲကြာပြီးမှ ရည်ညွှန်းငွေ လဲလှယ်နှုန်းထားကို ပြန်ရောက်သွားတာလို့ ပြောလို့ရပါတယ်။

၂၀၁၈ ခုနှစ်တုန်းကတော့ ဒေါ်လာဈေးကို အတက်ကို ဦးတည်ရည်ရွယ်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် လက်ရှိငွေဈေးက တော့ အကျဘက်ကို ဦးတည်လာနေတာဖြစ်ပါတယ်။ နှစ်နှစ်ခွဲတာကာလအတွင်း အမြင့်ဆုံးငွေကြေးလဲလှယ်မှုနှုန်း အဖြစ် (၁၅၆၀) ကျပ် အထိ ရောက်ရှိခဲ့ပေမယ့် တဖြေးဖြေးပြန်လည်ကျဆင်းလာခဲ့တာပါ။

 ၂၀၁၉ ခုနှစ် စက်တင်ဘာလလောက်နေ စတင်ဈေးကျဆင်းလာခဲ့ကာ ဒီဇင်ဘာလကုန်မှာ တစ်ဒေါ်လာကို လဲလှယ် နှုန်း (၁၅၀၀)အောက် ရောက်ရှိခဲ့သလို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ကျပ် (၁၄၅၀) အောက်ကို ရောက်ရှိလာခဲ့ တာ ဖြစ်ပါတယ်။ (၆)လအတွင်း အမေရိကန်ဒေါ်လာလဲလှယ်မှုနှုန်းဟာ ကျပ် (၁၀၀) ဝန်းကျင် ကျဆင်းသွားခဲ့တာ တွေ့ရပါတယ်။

ဒီလိုငွေကြေးလဲလှယ်မှုနှုန်းထားတွေ ကျဆင်းလာတာဟာ မြန်မာ့စီးပွားရေးတိုးတက်နေမှုကြောင့်တော့ မဟုတ်ဘူး လို့ အများစုကသုံးသပ်ထားပါတယ်။ ပုံမှန်အနေအထားအရတော့ မြန်မာငွေကြေးလဲလှယ်မှု ပြုလုပ်ရာမှာ ပွင့်လင်း ရာသီလည်းဖြစ် တရုတ်နှစ်သစ်ကူး ပြီးခါစအချိန်လည်းဖြစ်တဲ့ လက်ရှိကာလတွေမှာ ဒေါ်လာဈေးနှုန်းကျဆင်းတက် ပြီး ဧပြီလအထိ တောက်လျောက်ကြုံတွေ့ရတက်ပြီး မိုးရာသီကာလမှာတော့ ပြန်တက်လေ့ရှိတယ်လို့  စီးပွားရေး လုပ်ငန်းရှင်ဖြစ်သူ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

သို့ပေမယ့်လည်း တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ Coronavirus ကြောင့်လည်း နယ်စပ်ကုန်သွယ်ရေးအပေါ် အကျိုး သက်ရောက်မှု ရှိနေတာကိုတော့ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

နှစ်စဉ်ဖေဖော်ဝါရီလကနေ ဧပြီလကုန်အထိ ငွေကြေးလဲလှယ်မှုနှုန်းတွေဟာ အကျဘက်ကိုရောက်လေ့ရှိပြီး သြဂုတ် လနဲ့ စက်တင်ဘာလတွေဟာ ငွေကြေးလဲလှယ်မှုနှုန်းထား အမြင့်ဆုံးအနေအထားတွေကို ရောက်ရှိတက်ပါတယ်။ ပွင့် လင်းရာသီတွေမှာ မြန်မာကျပ်ငွေမာလေ့ရှိပြီး မိုးလယ်ကာလတွေမှာဒေါ်လာက မာတက်တဲ့အနေအထားမျိုးကြောင့် လည်း ဖြစ်ပါတယ်။

Export သမားတွေကတော့ မကိုက်တဲ့အနေအထားကို ရောက်သွားမှာပေါ့။ Import သမားတွေအတွက်ကတော့ ကိုက်တဲ့အနေအထား ဖြစ်သွားမှာပေါ့။ ကျွန်တော်တို့ကတော့ ကျတာတက်တာထက် ငွေကြေးတည်ငြိမ်တာကိုပဲ လိုချင်တယ်လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

Rate

ဒေါ်လာပျော့တဲ့ဒဏ်ကို ဆန်သမားတို့ ဦးဆုံးခံစားခဲ့

လက်ရှိဒေါ်လာဈေးကျဆင်းမှုဒဏ်ကို ခံရတဲ့သူတွေထဲမှာ သင်္ဘောရောက်လာလို့ ဆန်ဝယ်ယူနေရတဲ့ Exporter တွေ ကတော့ အရှုံးခံလုပ်ဆောင်နေရတာတွေရှိတယ်လို့ ဘုရင့်နောင်ဆန်ဒိုင်အတွင်းရေးမှူး ဦးသန်းဦးက ပြောပါတယ်။

နိုင်ငံတကာနဲ့ သဘောတူညီမှု ရယူထားပြီးတင်တဲ့ ဆန်သင်္ဘောတွေဟာ ဖေဖော်ဝါရီလအတွင်း ဆိုက်ကပ်လာတဲ့အ တွက် မိုးစပါးလည်းကုန်ခါနဲ့ နွေစပါးမထွက်သေးတဲ့ စပ်ကူးမတ်ကူးကာလဖြစ်တာမို့ ဆန်ဈေးကို မြင့်တင်ပေးနေရ သလို ဒေါ်လာငွေလဲလှယ်မှု ကျဆင်းတဲ့ဒဏ်ကလည်း အကျိုးသက်ရောက်မှုရှိနေမှာ ဖြစ်ပါတယ်။

ဝယ်သူရောက်ရှိလာတဲ့အတွက် ဈေးကွက်တွင်းက ဆန်ကိုရနိင်သမျှဝယ်ယူနေရတာဖြစ်ပြီး Exporter အကြီးတွေက ဆန် (၈၀)ရာခိုင်နှုန်းလောက်ကို သိုလှောင်ရှိပြီးသားဖြစ်ပေမယ့် ကျန် (၂၀) ရာခိုင်နှုန်းကို ဈေးကွက်မှာ ရှာဝယ်နေရ တာပါ။

လက်ရှိ ငွေဈေးကျဆင်းနေတာနဲ့ ဆန်ရောင်းဖို့ စာချူပ်ချုပ်ထားတာတွေ မရှိတဲ့အတွက် မတ်လမှာတော့ ဆန်တင်ပို့ စရာမရှိသေးဘူးလို့လည်း ဦးသန်းဦးက ပြောပါတယ်။ ဒါကြောင့်လာမည့်နွေစပါးအပေါ်မှာတော့ အကျိုးသက်ရောက် ဖွယ်ရှိနေပါတယ်။

Rice

စီးပွားရေးကောင်းခြင်းကြောင့်မဟုတ်

မြန်မာကျပ်နဲ့ ဒေါ်လာလဲလှယ်မှုနှုန်းထားမှာ ကျပ်ငွေမာလာသယောင်ယောင်ဖြစ်နေပေမယ့်။ဒါဟာစီးပွားရေးကောင်း လို့ မဟုတ်ဘူးလို့ ပြင်ပငွေကြေးဈေးကွက်က အကျိုးဆောင်ကတော့ ပြောပါတယ်။ တရုတ်ကို မှီခိုနေရတဲ့အတွက်ငွေ ဈေးနည်းနည်းကျဆင်းနေချိန်မှာ တရုတ်မှာ Coronavirus ကူးစက်မှုကြောင့် စီးပွားရေး အကျိုးသက်ရောက်မှုကို မြန်မာကလည်း ခံစားရကာ နှစ်လအတွင်း ကျပ် (၅၀) လောက် ကျဆင်းသွားခဲ့တာဖြစ်တယ်လို့လည်း သုံးသပ်ထား ပါတယ်။

အရင်ကတော့ ပြင်ပဈေးကွက်မှာ အကျိုးဆောင်တွေက တစ်ဒေါ်လာကို ကျပ် (၁၅၀၀) အောက်ကျဆင်းခဲ့ရင် ဈေး ပြုတ်ကျမယ်လို့ ယူဆထားကြပေမယ့် ရွှေကစားလိုက် ငွေဘက်ကို ပြောင်းကစားလိုက်မှုတွေကြောင့် ငွေလဲလှယ်မှု နှုန်းဟာ ကျဆင်းသင့်သလောက် မကျဆင်းခဲ့သလို ငွေရှိသူတွေကလည်း လုပ်ငန်းမလုပ်တော့ပဲ သိမ်းထားလိုက်ကြ တာကြောင့်လည်း သက်ဆိုင်တယ်လို့ ပြောထားပါတယ်။

တရုတ်ဈေးကွက်ကိုဖမ်းမရတော့တာကြောင့်ပြင်ပငွေကြေးဈေးကွက်မှာဈေးနှုန်းသတ်မှတ်ရတာတောင်မတူညီတော့ တဲ့အနေအထား ဖြစ်သွားသလို တဝိုင်းတည်းအတွင်းမှာ တစ်ကျပ်၊ နှစ်ကျပ်လောက် ဈေးပိုသွားတာတွေရှိတယ်လို့ ဆိုပြီး လက်ရှိပေါက်ဈေးနှုန်းဖြစ်တဲ့တစ်ဒေါ်လာကို ကျပ်(၁၄၉၉) မှာပဲထားပြီး သုံး၊ လေးကျပ်ဈေးတက်ပြရင် ပေါက် ဈေးအမှန်မဟုတ်ဘူးဆိုကာ ဝယ်သူမရှိတော့တဲ့အနေအထားဖြစ်သွားတာပါ။

တခါတလေကျလည်းပေးတဲ့ ဈေးအပေါ်ကြည့်ပြီး လိုချင် ဝယ်တာ ရောင်းတာလုပ်ပြီး မလိုချင်ရင် မရောင်းကြမဝယ်ကြတော့တာတွေ ဖြစ်တယ်လို့ အကျိုးဆောင်က ပြောပါတယ်။ ဒီလို မရောင်းကြ မဝယ်ကြတာဟာ ငွေကြေးမရှိလို့ မဟုတ်ပဲ ဈေးကွက်မှာမရောင်းချပဲ ဘဏ်တိုးသဘောလောက်နဲ့ ထားကြတာလို့ဆိုပါတယ်။ Import သမားတွေက တော့ ဒေါ်လာလဲလှယ်နှုန်းကို တစ်ဒေါ်လာ ကျပ် (၁၅၅၀) ထိခံနိုင်တာမို့ဈေးကျရင် သူတို့အတွက် အဆင်ပြေတယ် လို့ ဆိုတာပါ။

 

6 month

 

နောက်ထပ်ထူးခြားချက်အနေနဲ့ကတော့ နိုင်ငံတကာဈေးကွက်မှာ ရွှေဈေးကျဆင်းနေသလို ငွေဈေးပါကျဆင်းနေတဲ့ သဘောတရားကို တွေ့ရတာပါ။ ပုံမှန်သဘောအရတော့ ရွှေဈေးကျရင် ငွေဈေးတက်လေ့ရှိပြီး ငွေဈေးကျရင် ရွှေဈေးတက် လေ့ရှိတက်တဲ့သဘာဝဖြစ်ပေမယ့် အခုချိန်မှာတော့ ရွှေဈေးနဲ့ ငွေဈေးပါကျဆင်းသွားမျိုးကို ကြုံခဲ့ရတာဖြစ်ပါတယ်။

ပြည်တွင်းရွှေဈေးတက်ရင် ဒေါ်လာဈေး တက်တယ်။ ဒေါ်လာဈေးကျရင် ရွှေဈေးကျတက်တယ်။ ပြည်တွင်းရွှေဈေး က ကမ္ဘာရွှေဈေးအတက်အကျပေါ် မှီခိုနေရတာမို့ ကမ္ဘာရွှေဈေးကျရင် ပြည်တွင်းရွှေဈေးအတက်အကျရှိတက်တယ် လို့ တိတ်စိန်ရွှေဆိုင်က ဦးဇော်အောင်က ပြောပါတယ်။

ကမ္ဘာရွှေဈေးအတက်အကျပေါ်မူတည်ပြီး ပြည်တွင်းရွှေဈေးအပြောင်းအလဲဖြစ်တာမို့ တွက်ချက်ရာမှာ ကမ္ဘာ့ရွှေဈေး ကို (၁ ဒသမ ၈၇၅)နဲ့ စားပြီး ပြည်တွင်းဒေါ်လာဈေးနဲ့ မြှောက်ရင်  ပြည်တွင်းရွှေဈေးထွက်ရှိလာတာပါ။ ဒါပေမယ့် ပြည်တွင်းရွှေဈေးမှာ ကျပ်တစ်သောင်းကနေ နှစ်သောင်းဝန်းကျင်ထည့်သွင်းတက်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ရွှေဈေး အတက်အကျဟာ ဒေါ်လာဈေးအတက်အကျနဲ့ ပြောင်းပြန်အချိုးကျလေ့ရှိပြီး ရံဖန်ရံခါ ဈေးကွက်မှာတော့ အတက် အကျတူတာမျိုးလည်းရှိတယ် လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းငွေကြေးဈေးကွက်မှာပါ ရွေဈေးအတက် အကျက အပြောင်းအလဲဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။

လက်ရှိပြည်တွင်းဈေးကွက်မှာတော့ ရွှေဈေးကျဆင်းနေသလို အမေရိကန်ဒေါ်လာငွေကြေးလဲလှယ်မှုနှုန်းကလည်း အကျဘက်ကို ဦးတည်နေတာပါ။ ပြင်ပငွေလဲအကျိုးဆောင်ကတော့ ဒီကလုပ်ငန်းလုပ်သူတွေဟာ ရွှေဈေးကော ငွေဈေးကိုပါ တပြိုင်နက်ကစားတာကြောင့်ဖြစ်ပြီး ငွေကြေးလဲလှယ်မှုနှုန်းထားမှာ တစ်ဒေါ်လာကို ကျပ် (၁၅၀၀) အောက် ရောက်ရှိတဲ့အခါ ဈေးပြုတ်ကျ သွားနိုင်ပေမယ့် တဖက်က ရွှေဈေးကထိန်းပေးတာကြောင့်  ဈေးအနည်းငယ် နဲ့ တနေ့ကိုနည်းနည်းသာကျဆင်းနေတာလို့ ဆိုပါတယ်။

ဒေါ်လာအကျဘက်ကို ဦးတည်နေဆဲ

ဒေါ်လာဈေးတွေ ကျနေပေမယ့် ဗဟိုဘဏ်ကတော့ ဒေါ်လာဝယ်ယူမှု အားကောင်းနေဆဲဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီ နဲ့ ဖေဖော်ဝါရီလအတွင်း တစ်ရက်ကို အနိမ့်ဆုံးအမေရိကန်ဒေါ်လာ (၁ ဒသမ ၅)သန်းကနေ အမြင့်ဆုံး (၃)သန်းအထိ ဝယ်ယူမှုပေးနေခဲ့တာ နှစ်လအတွင်း အမေရိကန်ဒေါ်လာ (၅၄  ဒသမ ၅) သန်းကျော်ရှိနေပြီ ဖြစ်ပါတယ်။

ဒေါ်လာဈေးကတော့ လက်ရှိအနေအထားတိုင်းဆို ဆက်ကျနေဖို့ပဲရှိပြီး ဘယ်အချိန်ပြန်တက်မလဲဆိုရင်တော့ Export သမားတွေ ငါတို့ လက်မခံနိုင်တော့ဘူးဆိုတဲ့ အချိန်ရောက်ရင်တော့ ဈေးကျတာတန့်သွားမယ်လို့ အကျိုးဆောင်က ခန့်မှန်းပြောပါတယ်။

အကျဆိုပေမယ့်လည်း ဖြေးဖြေးနဲ့ နည်းနည်းပဲ ပုံမှန်ကျသွားဖို့ ရှိတယ်။ တနေ့ကို တစ်ကျပ်၊ နှစ်ကျပ်လောက်ပဲပေါ့လို့ အကျိုးဆောင်ကသုံးသပ်ပါတယ်။ နိုင်ငံခြားငွေကြေးအပ်နှံရာမှာလည်း ဘဏ်တခုက ငွေကြေးကို နောက်ဘဏ်တခု ကို ချက်ချင်းမလွဲပြောင်းနိုင်တော့ပဲ လွဲပြောင်းမယ်ဆို သုံးရက်အထိ ကြာနိုင်တာမို့ငွေလွဲပြောင်းလုပ်ရတာကြပ်လာတဲ့ အနေအထားလို့လည်း ဆိုပါတယ်။

ဒေါ်လာလဲလှယ်နှုန်းထားတွေ ကျဆင်းတာဟာ စက်သုံးဆီ၊ တခြားကုန်စည်တွေကို နိုင်ငံတကာကနေ မြန်မာနိုင်ငံကို တင်သွင်းသူတွေအတွက်တော့ အကျိုးအမြတ်ကောင်းနိုင်တဲ့ အနေအထားမှာရှိပြီး ဆန်၊ပဲတို့လို့ပို့ကုန်လုပ်ငန်းရှင်တွေ အတွက်တော့ အကျိုးအမြတ်နည်းနိုင်ဖွယ်ရှိပါတယ်။

သို့ပေမယ့် လုပ်ငန်းရှင်တွေကတော့ အမေရိကန်ဒေါ်လာကျဆင်းမှုနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုတာ မရှိသေးတာ တွေ့ရပါတယ်။

ADV
နှစ်လတာအတွင်း ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းနှင့် နေ့အလိုက်ဝယ်ယူသည့် အမေရိကန်ဒေါ်လာပမာဏ

၂၀၂၀ ခုနှစ်အတွက် အလားအလာ

လုပ်ငန်းရှင်တွေကတော့ ငွေကြေးလဲလှယ်တာ အတက်အကျထက်တည်ငြိမ်ဖို့ကိုလိုလားကြပါတယ်။ ပို့ကုန်သွင်းကုန် ဆောင်ရွက်ရမှာ ငွေကြေးတည်ငြိမ်မှုရှိဖို့က အဓိကကျတဲ့အချက်တခုဖြစ်သလို အတက်အကျကြမ်းရင်တော့ လုပ်ငန်း လုပ်ကိုင် ခက်ခဲတဲ့သဘောသဘာဝရှိလို့ပါ။

ငွေကြေးအကျိုးဆောင်တွေကတော့ ငွေကြေးလဲလှယ်မှုနှုန်းက ဆက်ကျသွားမယ့် အလားအလာ ရှိနေပါတယ်လို့ဆို နေကြပါတယ်။ အစိုးရဥပဒေတွေ မူဝါဒတွေ အပြောင်းအလဲမရှိရင်တော့ဈေးကဖြေးဖြေးနဲ့ ကျဆင်းသွားနိုင်တယ်။ ရန်ကုန်အခြေစိုက် ပြင်ပငွေကြေးဈေးကွက်အကျိုးဆောင်က ဆိုပါတယ်။

အစိုးရကလည်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးတွေကို ၂၀၂၀ ခုနှစ်အတွင်း ပိုလုပ်ဆောင်လာနေသလို ဥပဒေပိုင်းဆိုင် ရာတွေကလည်း ပိုပီပြင်ထိရောက်လာနေတဲ့သဘောမှာ ရှိပါတယ်။ ဒီသဘောအရ ၂၀၂၀ ခုနှစ်မှာ အစိုးရဥပဒေသာ ပိုပြီး ထိရောက်မယ်ဆိုရင် အဝေးဈေးခေါ် ပြည်ပကငွေလွဲဈေးကွက်အပေါ် အကျိုးသက်ရောက်မှုရှိလာမှာပါ။

ငွေကြေးလဲလှယ်မှုနှုန်းက ဘယ်ထိကျဆင်းမလဲဆိုရင်တော့ Exporter လုပ်ငန်းရှင်တွေ လက်မခံနိုင်တဲ့အခြေအနေကို ရောက်ရှိလာမှသာ အတိုင်းအတာတခုထိ ရပ်သွားနိုင်တယ်လို့ ဆိုနေကြပါတယ်။ အမေရိကန်တစ်ဒေါ်လာကို ကျပ် (၁၅၀၀) အောက် ရောက်ရင် ဈေးပြုတ်ကျတာ ကြမ်းမယ်လို့ ယူဆခဲ့ကြပေမယ့် ရွှေဈေးကွက်ကြောင့် ခပ်အေးအေးနဲ့ ကျဆင်းလာနေတာဖြစ်တယ်လို့ အကျိုးဆောင်တွေက ဆိုပါတယ်။

 

Dollar

 

တရုတ်နိုင်ငံက Coronavirus ဖြစ်စဉ်ကြောင့်လည်း မြန်မာနိုင်ငံကို အနည်းအများ စီးပွားရေးအကျိုးသက်ရောက်မှုရှိ လာနိုင်သလို ရေရှည်ဆိုရင် သက်ရောက်မှုက ပိုသိသာလာမှာ ဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာ့စီးပွားရေးနဲ့ကုန်သွယ်မှု အခြေအေနကလည်း တရုတ်အခြေအနေကြောင့် အနည်းနဲ့အများအကျိုးသက်ရောက်လာနိုင်ပါတယ်။

ဈေးအကျဟာ ၂၀၂၀ ခုနှစ် ဧပြီလအထိ ဖြစ်ဖွယ်ရှိပြီး ပုံမှန်ငွေကြေးလဲလှယ်မှုနှုန်းမြင့်တဲ့ မိုးတွင်းကာလကနေ စက်တင်ဘာအတွင်းမှာတော့ ပြန်လည်မြင့်တက်လာနိုင်တယ်လို့ ယူဆရပါတယ်။

လက်ရှိ ဒေါ်လာလဲလှယ်မှု အတက်အကျဈေးနှုန်းဟာ ပို့ကုန်တွေအတွက်တော့ ဆက်အကျိုးရှိနေမှာဖြစ်ပြီး ဈေးနှုန်း ကလည်းဆက်လက်ကျဆင်းနေအုန်းမယ်လို့ဆိုတာမို့ဘယ်လောက်ထိကျဆင်းသွားမယ်ဆိုတာကတော့စောင့်ကြည့်ရမှာပါ။

ရေးသားသူ - ဆလိုင်းထွန်းထွန်း