အဓိကအကြောင်းအရာသို့ သွားမည်

COVID-19  Fund ချေးငွေ ဘယ်လိုလျှောက်ကြမလဲ

ရန်ကုန်၊ မတ် ၂၈

COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေးကဏ္ဌအပေါ် အကျိုးသက်ရောက်မှုတွေ ခံစားနေရသလို လက်ရှိ အချိန်မှာလည်း ပြည်တွင်းမှာ လူ (၈) ဦး ကူးစက်တာခံနေရပါတယ်။စီးပွားရေးကဏ္ဍမှာ အကျိုးသက်ရောက်မှုတွေ ရှိလာတာကြောင့် နိုင်ငံတော်အစိုးရကလည်း အခွန်ဖြေလျော့ပေးမှုတွေအပြင် ချေးငွေတွေကို အတိုးနှုန်း သက် သက်သာသာနဲ့ ဆောင်ရွက်ပေးဖို့လည်း ပြင်ဆင်နေပါတယ်။

ဒီအကျိုးသက်ရောက်မှုတွေဟာ စီးပွားရေးကဏ္ဌအပေါ်အကျိုးသက်ရောက်မှု ရှိလာတာကြောင့် အစိုးရအနေနဲ့ နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းတွေကို  ကျပ်ဘီလီယံ(၁၀၀) ထုတ်ချေးပေးဖို့ ပြင်ဆင်ထားတယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

 

DASSK
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ  COVID-19 ဖြစ်ပွားမှုအစီရင်ခံစာတင်ပြစဉ် (ဓာတ်ပုံ - Myanmar State Counsellor Office)

COVID-19 Fund ချေးငွေလျှောက်ထားမယ့် သူတွေ အနေနဲ့ ချေးငွေလျှောက်လွှာတွေကို ကုန်သည်/စက်မှုအသင်း ချုပ်၊ တိုင်းနှင့် ပြည်နယ်ကုန်သည်စက်မှုအသင်းချုပ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများဗဟိုဌာနများ၊ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းညွန်ကြားမှုဦးစီးဌာနတွေမှာ လျှောက်လွှာတွေကို အခမဲ့ထုတ်ယူနိုင်ပါသလို လိုအပ်ရင် လျှောက်လွှာပုံစံတွေကို အစိုးရဌာနဆိုင်ရာ Website တွေ အသင်းအဖွဲ့ Website တွေအပြင် facebook စာမျက်နှာတွေကနေလည်း ရယူနိုင်တယ်လို့ ဆိုပါတယ်။

COVID-19 Fund ကို ထုတ်ချေးပေးရာမှာ အပိုင်း (၃) ပိုင်းခွဲပြီး လုပ်ဆောင်ပေးမှာဖြစ်ပြီး ချေးငွေလျှောက်လွှာ လက်ခံတာ၊ ချေးငွေလျှောက်လွှာစစ်ဆေးတာနဲ့ ချေးငွေထုတ်ပေးတဲ့အပိုင်းတွေပဲ ဖြစ်ပါတယ်။

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေးလုပ်ငန်းကော်မတီအနေနဲ့ ချေးငွေတွေကို ရယူလိုသူတွေအနေနဲ့ အကျုံးဝင်ကိုက်ညီရမယ့် အချက်အလက်တွေကို သတ်မှတ်ထားပြီး ဖြစ်သ လို  ချေးငွေထုတ်ပေးနိုင်ရေးအတွက် အပိုင်း (၃) ပိုင်းခွဲပြီး  ထုတ်ပေးသွားမယ်လို့ စီမံချက်မှာ ဖော်ပြထားပါတယ်။

ကျပ်ဘီလီယံ (၁၀၀) ကို အတိုးနှုန်း (၁) ရာခိုင်နှုန်းနဲ့ တစ်နှစ်တာ ချေးယူခွင့်ရရှိတဲ့လုပ်ငန်းတွေ ဖြစ်ဖို့အတွက် လက်ရှိ အခြေအနေရ မိမိလုပ်ငန်းအပေါ်ဘယ်လိုထိခိုက်နေလဲ၊ ချေးငွေကို ဘယ်လိုပြန်ဆပ်မှာလဲ၊ အခွန်မှတ်ပုံ တင်နံပါတ်၊ ချေးငွေကို အသုံးပြုမည့်အစီအစဉ်၊ လက်ရှိခန့်ထားသည့် ဝန်ထမ်းအင်အားတွေကို ဖော်ပြပေးဖို့ လိုပါတယ်။

 

ချေးငွေလျှောက်လွှာမှာ ဘာတွေပါမလဲ

ချေးငွေလျှောက်လွှာနဲ့ အတူ ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက်၊ ချေးငွေကို ပြန်ဆပ်မယ်ဆိုတဲ့ဒါရိုက်တာအဖွဲ့ရဲ့ ကတိ ပြုအာမခံချက်၊ သက်ဆိုင်ရာအသင်းအဖွဲ့တွေရဲ့ ထောက်ခံချက်၊တခြားဘဏ်တွေမှာ ချေးငွေချေးထားဖူးရင် ချေးခဲ့ တဲ့အကြောင်း အသေးစိတ် အခွန်ဆောင်မှု၊ လူမူဖူလုံရေးထည့်ဝင်မှုနဲ့ နောင်နှစ်နှစ်မှာ စီးပွားရေးလုပ်ဆောင်ဖို့ဆိုင်ရာတွက်ချက်မူတွေပါ လိုအပ်ပါတယ်။

 

From
ချေးငွေ လျှောက်ထားရန် အဆိုပြုလျှောက်လွှာ (မူကြမ်း)

ဒီအချက်တွေအရ COVID-19 Fund ကို ချေးမယ်ဆိုရင် လုပ်ငန်းအခြေအနေ၊ အခွန်ဆောင်မူ ရှိမရှိနဲ့ သက်ဆိုင်ရာ အသင်းတွေမှာ အသင်းဝင် ဖြစ်မဖြစ်စတဲ့အချက်တွေ အရေးပါနေတာ တွေ့ရတာမို့ ဒီလိုလုပ်နိင်တဲ့ နိုင်ငံသားပိုင် လုပ်ငန်းတွေကသာ ပိုအခွင့်အရေးကောင်းရှိနေတာ ဖြစ်ပါတယ်။ ထူးခြားချက်က ချေးငွေကို ဘယ်ကဏ္ဍဆို ဘယ် လောက်ဆိုတာ သတ်မှတ်ထားတာမရှိပဲ လျှောက်ထားသူကိုယ်တိုင်က ကိုယ်လိုချင်တဲ့ပမာဏကို တောင်းဆိုနိုင် တာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ လည်ပတ်နေတဲ့စီးပွားရေးလုပ်ငန်းဖြစ်ပြီး ၂၀၁၈ မတ်လ (၃၁) ရက်မတိုင်ခင် ကုမ္ပဏီထူထောင် ပြီးဖြစ်ဖို့လိုပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း နှစ်စဉ်ဝင်ငွေရရှိနေသောလုပ်ငန်း ဖြစ်ရမှာဖြစ်သလို ချေးငွေကို ပြန် ဆပ်နိုင်မည့် လုံလောက်တဲ့အခြေအနေမှာရှိရမယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါ ချေးငွေဟာ ဝန်ထမ်းနဲ့လုပ်သား လစာပေးချေရန်နှင့် လက်ရှိလုပ်ငန်းလည်ပတ်ရန်ကိစ္စအတွက်သာ အသုံးပြုရမယ်လို့ ဆိုပါတယ်။

ဒီအချက်အရ အထိုက်အလျောက် ခုသာခံသာရှိအောင် ဖန်တီးပေးတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ CMP လုပ် ငန်းတွေ အများအပြားရှိနေပေမယ့် အများစုဟာပြည်ပရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပြီး ပြည်တွင်းရင်းနှီးမြှုပ်နှံမှုက နည်း ပါတယ်။ ဒီသဘောအရ လက်ရှိ CMP လုပ်ငန်းအားလုံးကိုတော့ အထောက်အကူ ပြုပေးနိုင်ဖွယ်မရှိတာမို့လုပ်သား ဦးရေ (၁)သန်းကျော်အပေါ် ထိရောက်တဲ့အကျိုးရှိပါမလား စဉ်းစားစရာပါ။

 

ပြန်ဆပ်ဖို့ လုံလောက်တဲ့ အခြေအနေမှာ ရှိရမယ်

အတိုးနှုန်းဟာ (၁) ရာခိုင်နှုန်းသာဖြစ်တဲ့အတွက် ချေးငွေအတိုးသက်သာတာမှန်ပေမယ့် ချေးငွေပြန်ဆပ်ရန်အ တွက် လုံလောက်တဲ့အခြေအနေမှာ ရှိနေရမယ်ဆိုတဲ့ အချက်ကတော့ တွေးတောစရာ ဖြစ်နေပါတယ်။ ချေးငွေ ပြန်ဆပ်တာ လုံလောက်တဲ့လုပ်ငန်းတွေထက် အ‌‌ခြေအနေဆိုးတဲ့လုပ်ငန်းတွေလည်း အများအပြား ရှိနေတဲ့အ တွက်ပဲ ဖြစ်ပါတယ်။

ချေးငွေချေးယူရန် လုပ်ဆောင်တဲ့လျှောက်လွှာတွေကို ကနဦးရန်ကုန်မြို့မှာရှိတဲ့ ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) မှာ လက်ခံမှာ ဖြစ်သလို ပမဏစစစ်ရေးကော်မတီက စစ်ဆေးပြီး လက်ခံသင့်တာ  လက်ခံ၊ ပယ်သင့်တာ ပယ်လုပ်ဆောင်သွားမယ်လို့ UMFCCI ရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာ အောင်သိန်းက ပြောပါတယ်။

ကုမ္ပဏီဆိုရင်တော့ သတ်မှတ်ချက် အချက် (၁၂)ချက် ရှိပြီး အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဆိုရင်တော့ အချက် (၁၁) ချက် သတ်မှတ်ထားပြီး ကိုက်ညီရင် လက်ခံမယ်၊ ကော်မတီကို တင်ပြပြီး အသေးစိတ် စစ်ဆေးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ချေးယတာနဲ့ ပတ်သက်ပြီး ကန့်သတ်ထားတာမရှိတာတွေ့ရပါတယ်။ COVID-19 Fund ကို ချေးငွေရယူလိုသူတွေ အနေနဲ့ ကိုယ်ချေးယူလိုတဲ့အမောင့်ပမာဏကို ဖော်ပြလျှောက်ထားလို့ ရနေပါတယ်။ သို့ပေမယ့် နောက်ကနေ ဖြည့်ပေးရမယ့်အချက်တွေကတော့ များပါတယ်။ ကိုယ့်လုပ်ငန်း အသေးစိတ်ကို ဖော်ပြပေးရမှာ ဖြစ်သလိုဘဏ် ချေးရယူထားဖူးရင်လည်း အသေးစိတ်ဖော်ပြထားဖို့ လိုပါတယ်။

လုပ်ငန်းဟာ လက်ရှိလည်ပတ်နေတဲ့ လုပ်ငန်းဖြစ်ပြီး ချေးငွေကို သုံးစွဲဖို့အတွက် ရည်ရွယ်ချက်တွေ၊ လွန်ခဲ့တဲ့ နှစ် နှစ်တာကာလအတွင်း လက်ကျန်ရှင်းတမ်းနှင့် အရှုံးအမြတ်စာရင်းတွေကိုလည်း ဖော်ပြပေးရမှာပါ။ ကိုယ့်လုပ်ငန်း အမှန်တကယ်ရှိတဲ့အကြောင်းကို ဖော်ပြဖို့ လွန်ခဲ့တဲ့ (၇)ရက်အတွင်း ရိုက်ထားတဲ့ပုံတွေလည်း ဖော်ပြပေးရအုန်းမှာပါ။

 

Video
ချေး‌ငွေရရှိနိုင်ရေးဆိုင်ရာကိစ္စရပ်များကို Video Conferencing ဖြင့် ဆွေး‌နွေးကြစဉ် (ဓာတ်ပုံ - UMFCCI)

ဘယ်လိုလျှောက်ရမလဲ

ကနဦး ဌာနဆိုင်ရာတွေနဲ့ UMFCCI လို နေရာတွေမှာ အခမဲ့လျှောက်လွှာတွေ ရယူနိုင်ပါတယ်။ တိုင်းနဲ့ ပြည်နယ် ကုန်သည်စက်မှုအသင်းတွေမှာလည်း လျှောက်လွှာတွေ လက်ခံနိုင်ပြီး လျှောက်လွှာတွေကို ရန်ကုန်ကိုပြန်ပို့ပေး ရမှာ ဖြစ်ပါတယ်။ လျှောက်လွှာလက်ခံရက်ကို (၁၀)ရက်တိတိ သတ်မှတ်ထားတာတွေ့ရပြီး လျှောက်လွှာ အားလုံး ကို ရန်ကုန်မြို့ရှိ UMFCCI မှာသာ စုစည်းလက်ခံပေးမှာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ချေးငွေလျှောက်ထားဖို့အတွက် လျှောက်လွှာတွေကို လက်ခံရရှိခြင်း မရှိသေးသလို  ဘယ်လို လုပ်ဆောင်ရမယ်ဆိုတဲ့ အချက်တွေကိုလည်း ပေးပို့လာခြင်း မရှိသေးဘူးလို့ မန္တလေးအခြေစိုက်လုပ်ငန်းရှင် ဦးဝင်းဌေးကတော့ ပြောပါတယ်။

ရန်ကုန်မှာတော့ လာမည့် မတ်လ(၃၀)ရက်နေ့ကနေ ဧပြီလ (၉) ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး လျှောက်လွှာတွေကိုလည်း ရယူနိုင်တယ် လို့  ဒေါက်တာ အောင်သိန်းက ပြောပါတယ်။ ဒီတော့ နှစ်ပတ်အ တွင်း ချေးငွေလျှောက်ထားရမှာ ဖြစ်ပြီး ရန်ကုန်မြို့ UMFCCI မှာ မနက် (၉)နာရီကနေ ညနေ(၄း၃၀)အထိ လက်ခံ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

COVID-19 ကူးစက်ပြန့်နှံတာတွေကိုလည်း ကာကွယ်နိုင်ဖို့ ပြင်ဆင်ထားပြီး စနစ်တကျနဲ့ လျင်လျင်မြန်မြန် ဆောင် ရွက်ပေးရန် စီစဉ်နေတယ်လို့လည်း ဒေါက်တာအောင်သိန်းက ပြောပါတယ်။ ဒီအတွက် လိုအပ်တဲ့ အချက်အလက် တွေကိုအပေါ်မှာ ဖော်ပြထားသလို ပြည့်ပြည့်စုံစုံယူပြီး လျှောက်ထားလို့ ရပါတယ်။

အချက်အလက်ပြည့်စုံစွာလက်ခံရရှိတဲ့ လျှောက်လွှာစာရင်းတွေကို ဌာနဆိုင်ရာ Website တွေကနေ နေ့စဉ် ထုတ် ပြန်ပေးသွားမှာ ဖြစ်တယ်လို့ဆိုပြီး  လက်ခံခြင်းမပြုတဲ့ လျှောက်လွှာတွေကိုလည်း နေ့စဉ်ထုတ်ပြန်ပေးသွားမယ် လို့ ဆိုပါတယ်။ လျှောက်လွှာတွေကို မှန်ကန်မှု ရှိ/မရှိ၊ အချက်အလက်တွေ ခိုင်မာမှု ရှိ/မရှိ၊ ချေးငွေခွင့်ပြုသင့်/ မသင့် ကိစ္စရပ်တွေကိုလည်း အစိုးရဌာနဆိုင်ရာမှ ညွန်ကြားရေးမှုးအဆင့် (၃)ဦး၊ အသင်းအဖွဲ့ (၄)ခုမှ  ဥက္ကဌ၊ ဒုဥက္ကဌ၊ အလုပ်အမှုဆောင်တစ်ဦးဆီတို့ ပါဝင်မှာဖြစ်ပါတယ်။

ချေးငွေလျှောက်လွှာတွေကို ဧပြီလအတွင်း အပြီးလုပ်မယ်

ချေးငွေလျှောက်လွှာ စစ်ဆေးတဲ့အပိုင်းနဲ့ ပတ်သက်ပြီး ပမဏစစ်ဆေးခြင်းနဲ့ အသေးစိတ်စစ်ဆေးခြင်း အဆင့် (၂) ဆင့် သတ်မှတ်ထားပါတယ်။  ပမဏစစ်ဆေးတာကိုတော့ UMFCCI မှာပဲ ကော်မတီဖွဲ့ပြီး လျှောက်လွှာလက်ခံတဲ့ အချိန်မှာ သတ်မှတ်ထားတဲ့အချက်တွေနဲ့ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးလက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ ကြောင့် မတ်လ (၃၀)ရက်နေ ဧပြီလ (၉)ရက်နေ့အတွင်း လျှောက်လွှာလက်ခံမှုနဲ့အတူ ပမာဏစစ်ဆေးတာကိုပါ အပြီး လုပ်ဆောင်ဖို့ ရှိတယ်လို့ ဒေါက်တာ အောင်သိန်းက ပြောပါတယ်။

နောက်ထပ် အသေးစိတ် စစ်ဆေးခြင်းအဆင့်ကိုတော့ ဧပြီလ (၁၉) ရက်နေ့ကနေ ဧပြီလ (၃၀) ရက်နေ့လောက် အထိ အသေးစိက် စစ်ဆေးတာကို ဆောင်ရွက်ဖို့ရှိနေပြီး ချေးငွေထုတ်ပေးတဲ့အစီအစဉ်ကိုတော့ မေလဆန်းပိုင်း လောက်မှာ ထုတ်ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အခြေအနေအရ  ချေးငွေလျှောက်ထားသူဦးရေများပြားနိုင်တဲ့အနေအထားမှာ ရှိနေပါတယ်။ ဘာကြောင့်ဆို အတိုးနှုန်း (၁)ရာခိုင်နှုန်းနဲ့ တစ်နှစ်တာချေးယူခွင့်ရမယ့် အခြေအနေတွေကြောင့် ဖြစ်သလို ချေးယူ ခွင့် ရရှိရင်လည်း ဝန်ထမ်းလုပ်ခလစာပေးဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ ဆက်လည်ပတ်ဖို့အတွက် သုံးစွဲရမယ်ဆိုတဲ့ အချက်တွေကြောင့်ပါ။ လက်ရှိ ဘဏ်အတိုးနှုန်းဟာ အပ်ငွေအပေါ်အတိုး (၆ ဒသမ ၅)ရာခိုင်နှုန်း နဲ့ ချေးငွေအပေါ် အတိုး (၁၁ ဒသမ ၅)ရာခိုင်နှုန်းထိရှိနေတာကြောင့်  လက်ရှိချေးငွေက အတော်ကိုသက်သာနေတာ ဖြစ်ပါတယ်။

COVID-19 ကြောင့် ပြည်ပကနေ ကုန်ကြမ်းရရှိမှု ပြတ်တောက်မှုတွေ ရှိနေသလို  လက်ရှိအချိန်မှာတော့ ကုန်ချော တင်ပို့နေတဲ့ ဥရောပလိုနိုင်ငံတွေမှာလည်း  ကူးစက်ပြန့်နှံမှုတွေကြောင့် ပို့ကုန်တင်ပို့သူတွေ ရပ်နားထားရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါအပြင် ပြည်တွင်းက ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွေ အပြငအသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းတွေပါ အကျိုးသက်ရောက်မှုတွေ ရှိနေတာတွေ့ရပါတယ်။

 

ချေးငွေထုတ်ပေးမှုကိုတော့ မေလလောက်မှသာပေးဖွယ်ရှိ

ချေးငွေထုတ်ပေးရာမှာ  ငွေချေးစာချုပ်ပုံစံသတ်မှတ်မှာဖြစ်ပြီး ထုတ်ပေးမည့် ချေးငွေအမျိုးအစား နှင့် လိုက်လျော ညီထွေ ဖြစ်မည့် စာချုပ်ပုံစံကို မြန်မာ့စီးပွားရေးဘဏ်က ပြုစုဆောင်ရွက်ပေးမှာ ဖြစ်ပြီး တိုင်းနှင့် ပြည်နယ်ရုံးစိုက် ရာ  မြန်မာ့စီးပွားရေးဘဏ်ခွဲတွေကနေတဆင့် ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

 

UMFCCI
ချေး‌ငွေ လျှောက်ထားမှုကို လက်ခံပေးမည့် UMFCCI မင်္ဂလာခန်းမ (ဓာတ်ပုံ - UMFCCI)

COVID-19 Fund ချေးငွေထုတ်ယူဖို့ သီးသန့်ကောင်တာ ထားရှိပေးမှာဖြစ်ပြီး  ထုတ်ယူရာမှာလုပ်ငန်းကော်မတီ ခွင့်ပြုမိန့်၊ ဘဏ်လုပ်ငန်းအရ အထောက်အထား၊ ချေးငွေအာမခံချက်နှင့် ဘဏ်အတိုးနှုန်း ကောက်ခံခြင်းတို့ကို ဆောင်ရွက်သွားမယ် လို့ ဆိုပါတယ်။ ချေးငွေတွေကို ဘယ်တော့ ထုတ်ချေးမယ်ဆိုတာကိုတော့ မသတ်မှတ်ရသေး ပေမယ့် မေလဆန်းပိုင်းလောက်မှာ ထုတ်ပေးသွားဖွယ် ရှိနေပါတယ်။

COVID-19 Fund ဟာ နိုင်ငံသားပိုင်းစီးပွားရေးလုပ်ငန်းတွေကို ချေးယူတာ ဖြစ်တာမို့ လုပ်သားဦးရေ (၁)သန်း မှီခိုနေရတဲ့ CMP လုပ်ငန်းတွေထက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွေနဲ့  စက်မှုကုန်ထုက်လုပ်ငန်းတွေက ပိုပြီး ချေးယူခွင့်ရရှိမယ့် သဘောပါ။ CMP စနစ်အတွက် လိုင်စင်ပေါင်း (၁၈၀၀၀) အနက် နိုင်ငံသားပိုင်လုပ်ငန်းတွေက နည်းပါတယ်။ ခရီးသွားလုပ်ငန်းတွေကတော့ နိုင်ငံသားပိုင်များပြီး ဝန်ထမ်းဦးရေကတော့ နည်းပါတယ်။ အခြေခံ စားသောက်ကုန်လုပ်ငန်း၊ ကုန်ထုက်လုပ်ငန်းတွေနဲ့ လူသုံးကုန်လုပ်ငန်းတွေအနေနဲ့လည်း ထိုက်သင့်သလောက် ချေးယူခွင့်ရရှိနိုင်မယ့် အခြေအနေမှာ ရှိနေပါတယ်။

စီးပွားရေးအပေါ် ပြန်လည်ကုစားဖို့ အတိုးနှုန်းသက်သာစွာနဲ့ ချေးပေးမယ့် COVID-19 Fund ဟာ အစိုးရရဲ့ ပထမ ဆုံးအကြိမ် ချေးငွေထုတ်ပေးတာဖြစ်ပြီး ဒီလိုထုတ်ချေးပေးတာကို လုပ်ငန်းရှင်အများစုက ကြိုဆိုနေကြတာတွေ့ရ ပါတယ်။ ဒီလိုထုတ်ချေးပေးတာဟာ စီးပွားရေးအပေါ် အကာအကွယ် ရှိ/မရှိကတော့ ဆက်စောင့်ကြည့်ရမှာပဲလို့ ဆိုပါရစေ။

ရေးသားသူ - ဆလိုင်းထွန်းထွန်း