အဓိကအကြောင်းအရာသို့ သွားမည်

စင်ကာပူ၊ မေ(၅) / The Business Times

ပြည်တွင်းမှာ Wave Money အမည်နဲ့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေတဲ့ Digital Money Myanmar လီမိတက်က မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာ တယ်လီနောအုပ်စုထံမှ မိုဘိုင်းငွေပေးချေမှုလုပ်ငန်းအတွက် အဆိုပြုထားပြီးဖြစ်တဲ့ အစုရှယ်ယာဝယ်ယူုမယ့်ရက်ကို သက်တမ်းတိုးတော့မှာမဟုတ်တဲ့အကြောင်း စင်ကာပူအခြေစိုက် The Business Times သတင်းစာက ရေးသားလာပါတယ်။

Digital Money Myanmar လီမိတက်က တယ်လီနောထံကနေ (၅၁) ရာခိုင်နှုန်းတန်ကြေးရှိတဲ့ အမေရိကန်ဒေါ်လာ (၇၆.၅) သန်းကို ဝယ်ယူဖို့ မနှစ်က ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။

မိုဘိုင်းကနေ မြို့နယ်နေရာအစုံကို ငွေလွှဲပေးတဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ Wave Money ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလက နော်ဝေးအခြေစိုက် တယ်လီနောအုပ်စု၊ ရိုးမဘဏ်၊ စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် ရိုးမမဟာဗျူဟာဦးပိုင်လီမိတက်-YSH နှင့် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ပထမမြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်-FMI တို့က ဖက်စပ်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီလိုရပ်နားလိုက်ပေမယ့် ရိုးမဘက်က ဘာပြောထားသလဲဆိုရင် သူတို့အဖွဲ့အစည်းနှစ်ခုဟာ နောက်ထပ် အရောင်းအဝယ်နှစ်ခုအတွက် စည်မျဉ်းခွင့်ပြုချက်တွေကို ဆက်လက်ရှာဖွေသွားဖို့ မျှော်လင့်နေတယ်လို့ ပြောပါတယ်။ 

တစ်ခါ Wave Money ထံမှာလည်း တရုတ်နိုင်ငံက အာလီဘာဘာကုမ္ပဏီရဲ့ လက်အောက်ခံဖြစ်သလို Alipay ရဲ့ အော်ပရေတာလည်းဖြစ်တဲ့ Ant Financial Services Group (Ant Group) က အမေရိကန်ဒေါ်လာ (၇၃.၅) သန်း ရင်းနှီးမြှုပ်နှံဖို့ မနှစ်က စီစဉ်ထားတာလည်း ရှိပါတယ်။

အဲဒိအစီအမံကိုတော့ ဖက်စပ်လုပ်ကိုင်ဖို့ တရုတ် Ant Group ရယ် ရိုးမရယ် တယ်လီနောအုပ်စုနဲ့ ရိုးမဘဏ်တို့အကြား သဘောတူညီခဲ့တာဖြစ်ပြီး မြန်မာပြည်မှာရှိတဲ့ ဘဏ်နဲ့ ဝေးကွာတဲ့ လူမှုအဖွဲ့အစည်းရယ် ပြီးတော့ ဘဏ်ကို မှီခိုနေတဲ့ အဖွဲ့အစည်းတွေကို အားလုံးပါဝင်တဲ့ ဘဏ္ဍာရေးစနစ်ကို မောင်းနှင်ဖို့ ပစ်မှတ်ထားတာဖြစ်တယ်လို့ အဲဒိအဖွဲ့အစည်းတွေရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။

အခုလို နိုင်ငံရေးမတည်ငြိမ်သေးတဲ့ကာလမှာ အဲဒိအဖွဲ့အစည်းတွေဟာ စောင့်ကြည့်နေရုံသာဖြစ်ပြီး အခါအခွင့်သင့်လာရင်တော့ အခွင့်အလမ်းတွေကို ဆက်လက်ရှာဖွေသွားမယ်ဆိုပြီး ရိုးမဘက်က ပြောဆိုထားပြန်ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ Wave Money က ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ မြန်မာတစ်နိုင်ငံလုံးရဲ့ မြို့နယ်ပေါင်း (၃၀၀) ကျော်မှာ  Wave Money ဆိုင်ပေါင်း (၆၅၀၀၀) အထိ တိုးတက်လာပြီး တစ်နိုင်ငံလုံးမှာ (၈၉) ရာခိုင်နှုန်းခန့်လောက် လွှမ်းခြုံထားနိုင်ပြီလို သိရှိရပါတယ်။

သတင်း - BETV Business