အဓိကအကြောင်းအရာသို့ သွားမည်

- နှစ်နှစ်ကျော်အတွင်း ယုံကြည်ချက် အားအနည်းဆုံးဖြစ်ဟုဆို

ရန်ကုန်၊ မေ (၅)

ပြီးခဲ့တဲ့ ဧပြီလအတွင်း မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ထုတ်ကုန်နဲ့ အော်ဒါသစ်ရရှိမှုက (၅)ဆအမြန်နှုန်းနဲ့ ကျဆင်းလာခဲ့တယ်လို့ မေလ (၃) ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။

ဒီနှုန်းနဲ့ ကျဆင်းလာခြင်းက PMI စစ်တမ်းစတင်ခဲ့တဲ့ ၂၀၁၅ ဒီဇင်ဘာကစတင်ပြီး အမြန်နှုန်း(၅)ဆကျဆင်းမှုဖြစ်ခဲ့ပြီး အနာဂတ် (၁၂) လအတွက် မျှော်မှန်းချက်ကလည်း ဧပြီလမှ ထပ်မံဆုတ်ယုတ်လာခဲ့သလို စစ်တမ်းသမိုင်းထဲမှာ အနိမ့်ဆုံးဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

ဈေးနှုန်းတွေကို လေ့လာစောင့်ကြည့်တဲ့နေရာမှာ ငွေကြေးဖောင်းပွမှု ဖိအားပေးမှုတွေက မမှန်ကန်တဲ့ ကျပ်ငွေ-ဒေါ်လာ လဲလှယ်လှုပ်ရှားမှုတွေကြောင့် သိသိသာသာ ဆက်လက်အားကောင်းနေပြီး ကုန်ကြမ်းပြတ်လပ်မှုတွေဟာ ကုန်ကျစရိတ်များပြားလာခြင်းကြောင့်ဖြစ်တယ်လို့ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာတွေက အကြောင်းပြပါတယ်။

ဧပြီလအတွင်း PMI ရဲ့ အစိတ်အပိုင်း(၅)ခုစလုံးထဲမှာ ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်ကလွဲလို့ ကုန်ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ အလုပ်နေရာနဲ့ သိုလှောင်ထားတဲ့ ထုတ်ကုန်တွေက အနှုတ်လက္ခဏာနယ်ပယ်ထဲမှာရှိနေခဲ့ပြီး အဓိကဒေသတွေက စက်ရုံတွေ ဆက်လက်ပိတ်ထားရလို့ ထုတ်လုပ်မှုတွေ ဆက်လက်ပြီး သိသိသာသာကျဆင်းလာခဲ့တယ်လို့ စစ်တမ်းက ထောက်ပြထားပါတယ်။

ကုန်ကြမ်းများ ပြတ်လပ်မှု၊ ငွေကြေးလဲလှယ်နှုန်း မကောင်းခြင်းနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်မှုလာမှု ပေါင်းဆုံလာခြင်းက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာကစပြီး သွင်းကုန်ဈေးနှုန်းတွေရဲ့ ငွေကြေးဖောင်းပွမှု အမြင့်ဆုံးနှုန်းကို ဖြစ်ပေါ်စေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကုမ္ပဏီကြီးတွေက ဧပြီမှာ ယေဘုယျအားဖြင့် ထုတ်ကုန်တွေ မြင့်တက်လာမယ်လို့ မျှော်လင့်နေကြပေမယ့် ခြုံပြောရမယ်ဆိုရင် မျှော်မှန်းချက်တွေဟာ (၂) နှစ်ကျော်အတွင်း အားအနည်းဆုံး ဖြစ်ခဲ့တယ်လို့ မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။

သတင်း - BETV Business