Skip to main content

မြို့တွင်းမှ CNG ဆိုင်အချို့အား မြို့ပြင် ရွှေ့မည်

ရန်ကုန်မြို့တွင်းရှိ CNG ဖြည့်တင်းရသည့် YBS ယာဉ်များ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရခြင်းကို ဖြေရှင်းရန်အတွက် ယင်းသို့ ပြောင်းရွှေ့ရခြင်းဖြစ်ပြီး လိုအပ်သည့် မြေနေရာရှာဖွေရေးကို YRTA နှင့် YBS ယာဉ်လိုင်းကုမ္ပဏီများဘက်မှ ပြုလုပ်ရမည်ဖြစ်ကြောင်း ဦးလှဝင်းဌေးက ပြောသည်။

“သက်ရောက်မှု သိပ်မဖြစ်တဲ့ဆိုင်တွေကို ဆိုင်ပြောင်းရွှေ့စရိတ်လောက်ပဲ အသုံးပြုခြင်းဖြင့် YBS Terminal တွေကို မြို့ပြင်မှာ ဖြစ်သွားပြီဆိုရင် မြို့ထဲမှာ ရှိနေတဲ့  ဆိုင်တွေမှာ YBS ကားတွေ တန်းစီမှု ပပျောက်သွားမှာပါ” ဟု အထွေထွေမန်နေဂျာ ဦးလှဝင်းဌေးက ပြောသည်။

စက်တင်ဘာ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မီဒီယာတွေ့ဆုံပွဲတွင်  မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ အလုံမြို့နယ်ရှိ ဆိုင်အမှတ် (၁) နှင့် (၂)မှ တစ်ဆိုင်၊ ဒဂုံအရှေ့မြို့နယ်ရှိ ဆိုင်အမှတ် (၁) နှင့် (၂) မှ တစ်ဆိုင်နှင့် သန်လျင်တံတားအဆင်းရှိ ဆိုင်(၁)ဆိုင်တို့ကို မြို့ပြင်သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း ဦးလှဝင်းဌေးက ပြောသည်။

“လက်ရှိကတော့ အဲ့ဒီ (၃)ဆိုင်ပဲ။ တကယ်လို့ YBS တွေက အားလုံး သူတို့ Terminal တွေ ရလာတဲ့အပေါ် မူတည်ပြီးတော့ ဒီအထဲကနေ efficiency နည်းတဲ့ဆိုင်တွေကို ဘေးကို ထုတ်သွားမှာပါ”ဟု ဆိုသည်။

လက်ရှိ ဘတ်ဂျတ်နှစ်၌ ပြည်ထောင်စုအစိုးရထံမှ CNG စက်အသစ် (၃)လုံး ထပ်မံရရှိထားပြီး ယင်း CNG ဖြည့်တင်းသည့် စက်များကို ဘုရင့်နောင်လမ်းမပေါ်ရှိ (၀၀၇)၊  ဒဂုံအရှေ့(၁) ကျန်စစ်သားလမ်းမပေါ်ရှိ ဆိုင်အမှတ် (၀၁၅)၊ အမှတ် (၄)လမ်းမပေါ်ရှိ ကွန်ပျူတာတက္ကသိုလ်အနီးရှိ ရွှေပြည်သာအမှတ်(၂) ဆိုင်များ၌ အသစ်တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီလကုန်မှာပဲ ဒီစက်တွေ တပ်ဆင်မှုက ပြီးပါ့မယ်။ နောက်လဆန်းဆိုရင် အဲ့ဒီစက်သုံးလုံးရဲ့ ဖြည့်တင်းနိုင်မှုဟာဆိုရင် လမ်းပေါ် မှာရှိတဲ့ YBS တန်းစီနေမှုဟာ အများကြီးလျော့ကျသွားမယ်ဆိုတာ ကျွန်တော့်ဘက်က ရဲရဲကြီးအာမခံရဲပါတယ်” ဟု ဦးလှဝင်းဌေးက ဆိုသည်။

ထို့အပြင် လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဘတ်ဂျက်ရရှိမှု အနေအထားအရ ပြည်ထောင်စုအစိုးရအဖွဲ့ထံမှ CNG ဖြည့်တင်းမည့် စက်အသစ်(၁)လုံး ရရှိထားပြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဆိုင်အမှတ် ၀၂၁ တွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနလက်အောက်ရှိ CNG ဆိုင်များကို  ဇုန်(၄)ခု ခွဲခြားထားပြီး မနက် (၆)နာရီ၊ မနက် (၉)နာရီ၊ နေ့လည် (၁၂)နာရီ၊ ညနေ(၃)နာရီ၊ ည (၆)နာရီအချိန်တို့၌ CNG (၃၁)ဆိုင်များများမှ CNG ဖြည့်တင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယင်းအထဲမှ ဆိုင်အမှတ် (၀၀၃) (အလုံ ၁)၊ (၀၀၄) (ကျိုက္ကလို့)၊ (၀၀၈) (ပုလဲ)၊ (၀၂၁) (ဒဂုံဆိပ်ကမ်း)၊ (၀၂၇) (ရွှေပြည်သာ အမှတ် ၂)၊ (၀၄၂) (ထောက်ကြန့်) တို့၌ YBS ကားများ အများဆုံးလာရောက် CNG ဖြည့်တင်းလျက်ရှိကြောင်း ဦးလှဝင်းဌေးက ဆက်လက်ပြော ကြားသည်။

“ဒီဆိုင်တွေမှာ ထည့်ပြီးတော့ ကျန်တဲ့ကားတွေ မြို့ပြင်တခြားဆိုင်မှာ ထည့်လို့ရမယ့် နည်းလမ်းတစ်ခုနဲ့ ဖြေရှင်းမယ်ဆိုရင် ပြေလည်သွားမယ်လို့ သုံးသပ်ရပါတယ်” ဟု ယင်းက ဆိုသည်။

လက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မော်တော်ယာဉ်များအတွက် CNG ကုဗပေသန်းပေါင်း (၂၄ ဒသမ ၁၄) ကုဗပေသန်းကို ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ယင်းအထဲမှ နေ့စဉ် YBS ယာဉ်စီးပေါင်း (၄၀၀၀)နီးပါးကို (၁၃ ဒသမ ၄၁) ကုဗပေသန်း ဖြည့်တင်းပေးလျက်ရှိပြီး ကျန်ရှိသည့် ဓာတ်ငွေ့များကို ကြိုပို့ယာဉ်၊ ကုန်တင်ယာဉ်နှင့် ကိုယ်ပိုင်ယာဉ်အနည်းငယ်ကို အချိုးကျဖြည့်တင်းပေးလျက်ရှိကြောင်း သိရသည်။

Donec vel libero ullamcorper, faucibus augue auctor, imperdiet diam. Duis quis nibh eget urna convallis blandit. Fusce iaculis purus vitae convallis aliquet. Ut auctor nunc sed odio bibendum fringilla. Quisque egestas non magna ac tincidunt. Aenean laoreet commodo nulla, sed ultrices odio vehicula sit amet. Suspendisse erat tellus, porta et facilisis sit amet, adipiscing sed diam. Nulla condimentum arcu a pellentesque pretium. Pellentesque pharetra odio eu auctor suscipit.

Cum sociis natoque penatibus et magnis dis parturient montes, nascetur ridiculus mus. Cras congue, felis in congue iaculis, elit enim molestie urna, ut accumsan augue magna aliquet nisi. Nullam interdum bibendum magna, eu sagittis metus convallis quis. Pellentesque vehicula purus sit amet tellus pellentesque suscipit. 

Ut dolor elit, ullamcorper quis ornare vel, congue id orci. In et orci in dolor dapibus sodales ac nec diam. Etiam vulputate erat a quam ullamcorper volutpat. Vestibulum vel feugiat sem, non molestie purus. Duis sit amet faucibus ipsum, ac aliquet urna. In hendrerit sit amet dolor vitae semper. 