အဓိကအကြောင်းအရာသို့ သွားမည်

မြို့ပြနေထိုင်သူတွေအတွက် Safe Food များကို စားစေချင်သူ ဦးဝင်းကိုကို

မြန်မာနိုင်ငံက စိုက်ပျိုးသီးနှံတွေမှာ သဘာဝအတိုင်းစိုက်ပျိုးမှုထက် ဘေးထွက်ဆိုကျိုးတွေရှိနိုင်တဲ့ ဆေးတွေကို ဖျန်းပတ်စိုက်ပျိုးနေတာကို လူတိုင်းသိကြပြီးဖြစ်ပါတယ်။

ဒီလို အသီးအနှံတွေကို နေ့စဉ်စားသုံးနေတဲ့ စားသုံးသူတွေမှာ ရောဂါတွေလဲ ထူပြောလို့လာနေပါတယ်။

ဒါတွေကိုသိရှိပြီး စားသုံးသူတွေအနေနှင့် ဘေးဥပါတ်ကင်းစင်သော အသီးအနှံတွေကို စားသုံးစေချင်သူကတော့ mommy's real food ကို တည်ထောင်သူ ဦးဝင်းကိုကို ဖြစ်ပါတယ်။

“ကျွန်တော်က‌တော့ လူတိုင်းကို ဘေးဥပါတ်ကင်းတဲ့ အသီးအနှံတွေကို စားစေချင်တယ်။ ကျွန်တော်တို့က ငွေကြေး တက်နိုင်သူတွေကိုဘဲ စားစေချင်တာ မဟုတ်ပါဘူး။ လူတန်းစားပေါင်းစုံကို စားစေချင်တာ။ ဒါ့ကြောင့် ကျွန်တော်တို့ဆိုင်က လူတိုင်းအတွက် ရည်ရွယ်ပြီး ရောင်းတယ်” ဟု သူဆိုင်၏ ဈေးကွက်ကို ပြောပြပါတယ်။

 

ဆိုင်အတွင်းရောင်းချနေသော အော်ဂဲနစ်စားသောက်ကုန်အချို့ကိုတွေ့ရစဉ်
ဆိုင်အတွင်းရောင်းချနေသော အော်ဂဲနစ်စားသောက်ကုန်အချို့ကိုတွေ့ရစဉ်

 

ကိုဝင်းကိုကိုက စိုက်ပျိုးရေးတောင်သူမဟုတ်ပါဘူး။ နိုင်ငံတကာကို လှည့်လည်သွားလာနေရတဲ့ သင်္ဘောသားတစ်ဦး ဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်တဲ့ သင်္ဘောသား ဘဝကို ဖြတ်ကျော်ရင်း သားသမီးတွေ ရရှိလာချိန်မှာတော့ ဘေးထွက်ဆိုးကျိုးကင်းတဲ့ အစားအသောက်တွေကို စားသုံးစေချင်တာကြောင့် mommy's real food ဆိုင်လေးကို ဖွင့်လှစ်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

“ပတ်ဝန်းကျင်မှာ မြင်နေရတဲ့ ဘေးထွက်ဆိုးကျိုးများတဲ့ အစားအသောက်တွေကို သိသိကြီးနဲ့ ကိုယ့်သားသမီးတွေကို မကျွေးချင်ဘူး။ ဒါ့ကြောင့် ဒီဆိုင်လေးကို ဖွင့်ဖြစ်တာ” ဟု mommy's real food ဖွင့်လှစ်ဖြစ်ခဲ့ပုံကို ပြောပြပါတယ်။

သူ့အနေနှင့် ဒီဆိုင်လေးကို ဖွင့်လှစ်ချင်ခဲ့တာ အခုမှတော့ မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်က သူငယ်ချင်း ဇနီမောင်နှံနှင့် အတူတူ ဖွင့်လှစ်ဖို့ ရည်ရွယ်ခဲ့ပေမယ် လက်တွေ့မှာတော့ ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ပါဘူး။

၂၀၁၈ ခုနှစ်အရောက်မှာတော့ ဆိုရှယ်မီဒီယာကို အသုံးပြုပြီး စတင်လုပ်ကိုင်ခဲ့ရာမှ အောင်မြင်မှုရရှိခဲ့တာကြောင့် ဆိုင်ကို ထပ်မံဖွင့်လှစ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“အွန်လိုင်းကရောင်းတော့ သူတို့က ဆိုင်ရှိလား၊ လာဝယ်ချင်တယ်ဆိုတော့ ကိုယ်တွေလဲ သူတို့ အချိန်မရွေးလာဝယ်နိုင်အောင်ဆိုပြီး စဖွင့်လိုက်တာ” ဟု ပြောပြပါတယ်။

 

ဆိုင်အတွင်းရောင်းချနေသာ အော်ဂဲနစ် စားသောက်ကုန်များ
ဆိုင်အတွင်းရောင်းချနေသာ အော်ဂဲနစ် စားသောက်ကုန်များ

 

အွန်လိုင်းမှာ ရောင်းချရင်း စားသုံးသူတွေ ယုံကြည်မှုရရှိလာအောင် ကိုယ်တိုင် ထွက်ကုန်တွေရှိရာ ဒေသတွေအထိ သွားရောက် စမ်းသပ်လေ့လာမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော်ကိုယ်တိုင် တောင်သူတွေရှိတဲ့ တောဘက်တွေသွားတယ်။ သူတို့ကို စည်းရုံးရတယ်။ ဈေးကွက်ရှိတယ်။ ဒီက လူတွေက ဘယ်လို အသီးအနှံတွေ စားချင်တယ်ဆိုပြီး။ နားလည်အောင် ပြောပြစည်းရုံးရတာပေါ့” ဟု စားသုံးသူတွေ ယုံကြည်မှုကို အရယူခဲ့ပုံကိုလည်း ပြောပြခဲ့ပါတယ်။

စားသုံးသူယုံကြည်မှုကို ရရှိလာပြီဖြစ်တဲ့ သူ့လုပ်ငန်းကို ထပ်မံတိုးချဲဖို့ထက် လူတန်းစားပေါင်းစုံစားသုံးနိုင်သော ဈေးကွက် တစ်ခုကို ဖော်ဆောင်ချင်တယ်လို့ သူရဲ့ ရည်မှန်းချက်ကို ပြောပြခဲ့ပါတယ်။

ထကျထကျ