Skip to main content

လာမည့် စက်တင်ဘာ ၂၃ ရက်တွင် ရန်ကုန်မြို့ပတ်ယာဉ်လိုင်း စတင်ပြေးဆွဲမည်

စက်တင်ဘာ (၁၈)ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ရုံးတွင် ပြုလုပ်ခဲ့သည့် မီဒီယာတွေ့ဆုံပွဲတွင် YRTA မှ တွဲဖက်အတွင်းရေးမှူး ဦးလှမောင်က ပြောကြားခဲ့ခြင်းဖြစ်ပြီး  မြို့ပတ်ယာဉ်လိုင်းအား City Transit ကုမ္ပဏီမှ  SCANIA City Bus များဖြင့် ပြေးဆွဲသွားမည်ဖြစ်သည်။

“ယာဉ်အစီးရေ (၂၀)နဲ့ စတင်ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ ပြေးဆွဲတဲ့အခါမှာလည်း အောင်မင်္ဂလာအဝေးပြေးကနေ ထွက်ခါ ပါ့မယ်။ ယာဉ်လမ်းကြောင်း (၂)ကြောင်း ခွဲပြီးတော့ ဘယ်ပတ်၊ ညာပတ်ပြီး တစ်ပြိုင်နက်တည်း ဒီကားကြီးတွေနဲ့ ဆွဲမှာပါ” ဟု ဦးလှအောင်က ပြောသည်။

ပြေးဆွဲသွားမည့် ခရီးစဉ်ပထမပိုင်းအဖြစ် အောင်မင်္ဂလာအဝေးပြေး-အမှတ်(၃)လမ်းမကြီး-သုဓမ္မာလမ်း-ပါရမီလမ်း-ဘေလီထိပ်-စံပြဈေး-သံသုမာလမ်း(သုဝဏ္ဏ)-ကြက်ဘဲဈေး-အထက်ပုဇွန်တောင်လမ်း-ဗိုလ်တစ်ထောင်ဘုရားလမ်း-ကမ်းနားလမ်း(သခင်မြ ပန်းခြံ)အထိ သက်မှတ်ထားပြီး ခရီးစဉ်ဒုတိယအပိုင်းအဖြစ် ကြည့်မြင်တိုင် ကမ်းနားလမ်း-ဘုရင့်နောင်လမ်းဆုံ-သမိုင်းလမ်းဆုံ- (၈)မိုင်- နဝဒေးအုတ်ပုံဆိပ်လမ်း-သုဓမ္မာလမ်း-အမှတ်(၃)လမ်းမကြီး-အောင်မင်္ဂလာအဝေးပြေးအထိ ပြေးဆွဲသွားမည် ဖြစ် ကြောင်း သိရသည်။

ယင်းသို့ ပြေးဆွဲရာ၌ SCANIA ကုမ္ပဏီ၏ ပြေးဆွဲမှုဆိုင်ရာ နည်းပညာအတိုင်း ပုံဖော်ပြေးဆွဲသွားမှာဖြစ်ပြီး ခရီးသည်များ အတက် အဆင်း ပြုလုပ်မည့် တံခါးပေါက် (၃)ပေါက်အထိ ပါဝင်လာမှာဖြစ်ကြောင်း ဦးလှအောင်က ဆက်လက်ပြောကြားသည်။

ယာဉ်ရပ်နားဝန်းအား အောင်မင်္ဂလာအဝေးပြေးဝင်းအနီး၌ တည်ဆောက်ထားပြီး စတင်ပြေးဆွဲမည့်အချိန်၌ City Bus ယာဉ်အစီးရေ (၂၀)ဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး နောက်ပိုင်း တွေ့ရှိချက်များအပေါ် မူတည်ပြီး အင်အားဖြည့်တင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးလှအောင်က “အင်အားပြည့် ပြေးဆွဲမယ့် ကားအစီးရေက (၃၉)စီးဖြစ်ပါတယ်။ တွေ့ရှိချက်အပေါ် မူတည်ပြီးတော့ အောက်တိုဘာလမှ အင်အားပြည့် အကုန်ပြေးဆွဲပါ့မယ်” ဟု ဆိုသည်။

ယာဉ်စီးခအဖြစ် အောင်မင်္ဂလာအဝေးပြေးမှ သခင်မြပန်းခြံအထိ ခရီးစဉ်တစ်ပိုင်းလျင် ယာဉ်စီးခ (၅၀၀)ကျပ်သက်မှတ်ထားပြီး ခရီးစဉ်တစ်ခုလုံးစီးနင်းပါက အသွားအပြန်စီးနင်းခအဖြစ် (၁၀၀၀)ကျပ်အထိ ကျသင့်မှာ ဖြစ်ကြောင်း သိရသည်။

“ဒီကြားထဲမှာ ဖြစ်လာနိုင်စရာရှိတာက ဒီဘက်က (၅၀၀)ပိုင်းမှာ စီးတဲ့သူ ဟိုဘက် (၅၀၀)ပိုင်းတဲ့ ရောက်သွားရင်တော့ သူထပ် ပေးရင် ပေးရနိုင်ပါတယ်။ သူ့ခရီးစဉ်ပေါ် မူတည်ပြီးတော့ ပေးဆောင်ရမှာ ဖြစ်ပါတယ်” ဟု တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့လက်အောက်ရှိ Yangon Bus Service ဝန်ဆောင်မှုတွင် ယာဉ်လိုင်းပေါင်း (၁၀၀)ကို ပြေးဆွဲလမ်းကြောင်း (၁၃၀)ပေါ်၌ ယာဉ်အစီးရေ (၄၃၀၀)ဝန်းကျင်ဖြင့် နေ့စဉ် ခရီးသည်ပေါင်း (၁ ဒသမ ၈)သန်းကို သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း YRTA မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

Lorem ipsum dolor sit amet, consectetur adipiscing elit. Morbi ac neque at mi elementum gravida et vitae elit. Etiam ullamcorper auctor orci, id luctus felis laoreet a. Nam nec nulla sit amet tellus pretium rhoncus. Integer interdum, nibh sed posuere aliquet, enim ante lacinia augue, ut ultricies augue erat vel lorem. Vestibulum bibendum dolor sit amet tincidunt lacinia. Nunc sapien libero, condimentum et turpis eget, eleifend hendrerit augue. Duis molestie volutpat feugiat.

  • Proin id lacus non dolor viverra hendrerit vel vel magna.
  • Duis iaculis varius urna, nec feugiat enim suscipit vitae.
  • Nulla nec enim eget dui posuere tincidunt sit amet venenatis lorem.
  1. Proin id lacus non dolor viverra hendrerit vel vel magna.
  2. Duis iaculis varius urna, nec feugiat enim suscipit vitae.
  3. Nulla nec enim eget dui posuere tincidunt sit amet venenatis lorem.