အဓိကအကြောင်းအရာသို့ သွားမည်

ခရီးသွားလာမှုဆိုင်ရာ ငွေပေးချေမှုပံ့ပိုးပေးနိုင်ရေးအတွက် Wave Money နှင့် FlyMya တို့ ပူးပေါင်း

မြန်မာနိုင်ငံရဲ့ မိုဘိုင်းငွေပေးမှုထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Wave Money နဲ့ ပြည်တွင်းခရီးသွားလက်မှတ်တွေနဲ့ ခရီးသွားလာရေးဆိုင်ရာ ဝန်ဆောင်မှုတွေပေးနေတဲ့ ထိပ်တန်းကုမ္ပဏီဖြစ်တဲ့ FlyMya.com တို့က ခရီးသွားလာရေး ဆိုင်ရာ ငွေပေးချေမှုပံ့ပိုးပေးနိုင်ရန် နှစ်ဖက်နားလည်မှုစာချွန်လွှာကို ရေးထိုးလိုက်ပါတယ်။

ဒီလို ငွေပေးချေမှုအတွက် ပံ့ပိုးပေးဖို့ သဘောတူလိုက်တဲ့အတွက်ကြောင့် Wave Pay အသုံးပြုသူတွေအနေနဲ့ FlyMya ဝက်ဘ်ဆိုက်မှတဆင့် ပိုမိုမြန်ဆန်၊ လွယ်ကူစွာနဲ့ လေယာဉ်လက်မှတ်နဲ့ ကားလက်မှတ်တွေကို ဝယ်ယူလို့ရနိုင်မယ့် အပြင် ခရီးစဉ်များ၊ လေဆိပ်အကြိုအပို့၊ ကားအငှားဝန်ဆောင်မှုကိုလည်း ရယူနိုင်မှာ ဖြစ်ပါတယ်။

Wave Money ရဲ့ အမှုဆောင်အရာရှိချုပ် Mr. Brad Jones က “မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍမှာ နည်းပညာအခြေပြု ပြည်တွင်းလုပ်ငန်းသစ်တွေထဲက တစ်ခုဖြစ်တဲ့ FlyMya နဲ့ ပူးပေါင်းခွင့်ရတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ ဒီ ဒီဂျစ်တယ်နည်းပညာကို အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ နေထိုင်မှု အတွေ့အကြုံတွေ ရရှိလာအောင် လုပ်ဆောင် ပေးနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို အထူးအားပေးပါတယ်” လို့ ပြောပါတယ်။

Wave Moneny နှင့် FlyMya တို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် Way Pay အက်ပလီကေးရှင်းကို အသုံးပြုသူတွေ အနေနဲ့ FlyMya ရဲ့ ဝန်ဆောင်မှုတွေကို ရယူတဲ့အခါမှာ ထပ်ဆောင်းအပိုဝန်ဆောင်ခ ပေးဆောင်စရာမလိုပဲ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။

“သုံးစွဲသူတွေအတွက် ပိုမိုလွယ်ကူပြီး စိတ်ချရတဲ့ ငွေပေးချေမှုကို မိုဘိုင်းပိုက်ဆံအိတ်ကတဆင့် ပေးစွမ်းနိုင်ပြီး တစ်ချိန်တည်းမှာပဲ သမာရိုးကျ ငွေပေးချေရေးမှာ တွေ့ကြုံနိုင်တဲ့ အခက်အခဲတွေကို သက်သာစေမှာပါ။ Wave Money ရဲ့ ပူးပေါင်းဆောင်ရွက်မှုက မြန်မာနိုင်ငံရဲ့ ခရီးသွားဝန်ဆောင်မှုကဏ္ဍမှာ လွယ်ကူချောမွေ့စေပြီး ခေတ်မီတဲ့ ဝန်ဆောင်မှု ပေါ်ပေါက်လာရေးအတွက် ခြေလှမ်းသစ်တစ်ခုပါပဲ” လို့ FlyMya ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦး Mike သန်းထွန်းဝင်း က ပြောပါတယ်။

FlyMya က ပြည်တွင်းလေကြောင်းလိုင်း (၅)ခုရဲ့ ခရီးစဉ်အချိန်များနဲ့ ဈေးနှုန်းတွေကို အချိန်တိုအတွင်းမှာ ကြိုတင်လက်မှတ်များကို ရရှိအောင် စီစဉ်ပေးလျက်ရှိပြီး လက်ရှိမှာ ခရီးသွားလုပ်ငန်းအဖွဲ့အစည်း (၇၀၀)ကျော်နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

Mg R’ NoE