အဓိကအကြောင်းအရာသို့ သွားမည်
ရန်ကုန်မြို့က လူကူးခုံးကျော်တံတား
ခုံးကျော်တံတားများ အသုံးမပြုဘဲ လမ်းဖြတ်ကူးသူများကို ဒဏ်ငွေရိုက်ခြင်း၊ တရက်တာ ဖမ်းဆီးထားပြီး ပညာပေးခြင်း၊ ပညာပေး ဗီဒီယိုများပြသခြင်း တို့ကို အစိုးရ အဆက်ဆက် ပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့ အချိန်အထိ မအောင်မြင်သေးပေ။
ဝူဟန်ဗိုင်းရပ်စ်နဲ့ မြန်မာနိုင်ငံ
ကိုရိုနာဗိုင်းရပ်စ်ရဲ့ ကူးစက်ပျံ့နှံ့မှုဟာ တရုတ်နိုင်ငံပြင်ပ (၂၆)နိုင်ငံကို ရောက်ရှိခဲ့ကာ ကမ္ဘာတစ်ဝှမ်းကို ပျံ့နှံ့နေတာ ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (OHW)ဇန်နဝါရီလ ၃၀ ရက်မှာ ကျန်းမာရေးအရေးပေါ်အ‌‌ခြေအနေအဖြစ်  ထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ အချက်အလက်၊ စည်းကမ်းတွေနဲ့ အညီ မြန်မာနိုင်ငံ ကလည်း လိုက်နာဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
တရုတ်နှစ်သစ်ကူးနှင့် စီးပွားရေးအလားအလာ
"ရန်ကုန်မြို့မှာ ကျင်းပတဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ဟာ ကျွန်တော်တို့ မြို့ပြရဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းရဲ့အလယ်မှာ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်တန်းမှာ အခုလို ရိုးရာပွဲတော်တစ်ခုကျင်းပနေတယ်၊ တရုတ်လူမျိုးတွေရဲ့ နှစ်သစ်ကူး အခါသမယကို ကျင်းပနေတယ်ဆိုတာကို ကမ္ဘာတစ်ဝှမ်းက ခရီးသွားဧည့်သည်တွေ မြန်မာနိုင်ငံကို စိတ်ဝင်စားတဲ့သူတွေအတွက် တကယ့်ကို အထောက်အကူဖြစ်စေတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒီကဏ္ဍတွေကို ပိုမိုဖွံ့ဖြိုးဆောင်ရွက်နိုင်ဖို့ ဒီအရပ်မှာ နေထိုင်ကြတဲ့ ပြည်သူလူထုတွေက ဝိုင်းဝန်းကြိုးပန်း ဆေယင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မြို့ပြနေရာမှာ ဒီတရုတ်တန်းကို ရှေးမူမပျက် ထိန်းသိမ်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်" လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။
သုံးနှစ်သားလေး YBS အကြောင်း တစေ့တစောင်း
“အစိုးရသစ် စတင်တာဝန်ယူတဲ့အချိန်မှာ ပြည်သူတစ်ရပ်လုံးက မထသစနစ်အပေါ်မှာ စိတ်ပျက်နေတဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။ ဒီအခြေအနေပေါ်မူတည်ပြီး ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ခဲ့တာ YRTA ကနေ ပြီး YBS စနစ်ကို စတင်ခဲ့တာဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
Subscribe to Yangon 360