အဓိကအကြောင်းအရာသို့ သွားမည်

ပြည်တွင်းဘဏ်များ၏ အခြေအနေအပေါ် ပြည်သူများ မစိုးရိမ်ကြရန် ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌပြော

ဒေါ်ခင်စန်းလှိုင်ဟာ ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။
"ဘဏ်တွေနဲ့ ပက်သတ်ပြီးတော့လည်း ဗဟိုဘဏ်မှာ ငွေကြေးအလုံအလောက်ရှိတယ်။ ဘဏ်တွေမှာ လည်းငွေကြေးအလုံအလောက်ရှိတယ်။ အဲ့ဒီအတွက်ကြောင့် အခုဟာက လက်ငင်းချက်ခြင်း အခြေအနေမှာ ပြသနာတွေ တစ်ခုခုပေါ့။ ဒါတွေ ဖြစ်နေတဲ့ ပြသနာတွေက ပေါင်းစုံပြီးတော့ လူထုကြားမှာ အထင်အမြင်လွဲ မှားစရာတွေ၊ လူထူကြားမှာ စိုးရိမ်စရာဖြစ်နေတာတွေ၊ ဒါတွေကို မစိုးရိမ်ဖို့အတွက် ဗဟိုဘဏ်ဥက္ကဌကြီး က မှာတယ်" ဆိုပြီး ပြောပြခဲ့တာပါ။
ဘဏ်များနဲ့ ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌဖြစ်တဲ့ ဒေါ်ခင်စန်းလှိုင်အနေနဲ့ ဗဟိုဘဏ် ဥက္ကဌနဲ့ တွေ့ဆုံမှုအပြီး ဥက္ကဌရဲ့ ပြောကြားချက်တွေအပေါ် သူမက ပြန်လည် ရှင်းပြခဲ့တာဖြစ်ပါတယ်။
"အဲ့ဒီအတွက်ကြောင့် ကျမက ပြည်သူလူထုကိုလည်း ပန်ကြားချင်တယ်။ နောက်တစ်ခုကလည်း ထွက် ပေါ်နေတဲ့ ကောလဟလတွေက နိုင်ငံတော်ရဲ့ အခုရှေ့ဆက်သွားနေတဲ့ လုပ်ငန်းစဉ်တွေထဲမှာ အနှောင့်အယှက် တွေဖြစ်လာဖို့ရာအတွက် မျှော်လင့်ပြီးလုပ်နေတယ်လို့ ကျမတို့ ဒီလိုယူဆတယ်။ အဲ့ဒီတော့ ပြည်သူလူထုတွေ က အစိုးရအပေါ်မှာလည်း ယုံကြည်ပါ။ ရြေပာမယ်ဆိုရင် ဗဟိုဘဏ်နဲ့ ကျမတို့ လွှတ်တော်ကော်မတီအနေနဲ့က လည်း အပြန်အလှန်ထိန်းကြောင်းဆောင်ရွက်နေတာဖြစ်တဲ့အတွက် အများကြီး စိုးရိမ်ပူပန်စရာမရှိပါဘူး။ လက်ငင်းလက်တလောမှာ ဒီကိစ္စက ပြည်သူလူထုအပေါ်မှာ နည်းနည်းရိုက်ခတ်နေတာရှိပါတယ်။ ဒါကိုလည်း စိတ်အေးအးနဲ့နေပါလို့ ပြောချင်ပါတယ်"
ဗဟိုဘဏ်မှာ ငွေကြေးအလုံအလောက်ရှိပြီး ပြည်တွင်းဘဏ်တွေအနေနဲ့လည်း  ပြိုလဲသွားစရာအကြောင်း လုံးဝမရှိဘူး ဆိုပြီးတော့လည်း ဒေါ်ခင်စန်းလှိုင်က ဖြည့်စွပ်ပြောဆိုခဲ့ပါသေးတယ်။
မနေ့က ပြည်တွင်းရွှေဈေး တစ်ကျပ်သား (၁၃) သိန်းကျပ် ကျော်ဖြစ်ခဲ့ပြီး ဒေါ်လာဈေးအနေနဲ့ တစ်ဒေါ်လာကို မြန်မာကျပ် (၁၅၄၄) ကျပ်ဖြစ်လာခဲ့ပါတယ်။