အဓိကအကြောင်းအရာသို့ သွားမည်

METRO Wholesale Myanmar က HACCP လက်မှတ် ရရှိ

ယင်းကုမ္ပဏီသည် အစားအသောက်နှင့် အရည်အသွေးမြင့် ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချနေသော မြန်မာနိုင်ငံ၏  လက်ကား ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။

METRO Wholesale Myanmar ၏ CEO ဖြစ်သူ Mr. Jens Michel က " အစားအသောက်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးက ကျွန်တော်တို့ရဲ့ ပထမဦးစားပေးဖြစ်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ ပထမဦးဆုံး အပြည် ပြည်ဆိုင်ရာ လက်ကားရောင်းချရေးအနေနဲ့ HACCP လက်မှတ်ရရှိထားတယ်ဆိုတာ ဂုဏ်ယူစွာနဲ့ ပြောလိုပါတယ်။ HACCP ဆိုတာ အစားအသောက်ဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေးစနစ်နဲ့ပတ်သက်ပြီး နိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ လက်မှတ် ဖြစ်လို့ ဒီလက်မှတ်ကို ရရှိခြင်းအားဖြင့် ဝယ်ယူသူတွေအတွက် အရည်အသွေးမြင့် ကုန်ပစ္စည်းတွေကိုပဲ ပေးနိုင်ဖို့ ဘယ်လောက် အားထုတ်ကြိုးစားတယ်ဆိုတာကို မြင်သာစေပြီး ယုံကြည်နိုင်ကြောင်း သက်သေလည်းဖြစ်ပါတယ်" ဟု ဆိုသည်။

METRO Wholesale Myanmar အတွက် စစ်ဆေးမှုလုပ်ငန်းစဉ်များကို ပြင်သစ်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်း အသိ အမှတ်ပြုလက်မှတ်ပေးသည့် လုပ်ငန်း၏ လုပ်ငန်းခွဲဖြစ်သည့် Myanmar Bureau Veritas Ltd မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်ရှိ METRO ကုန်ပစ္စည်းသိုလှောင်ရုံ၏ အခြေခံပစ္စည်းများနှင့် လုပ်ငန်းလုပ်ဆောင်မှု အဆင့်တိုင်းကို စစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

" METRO က အစားအသောက်ဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေးမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ထိပ်တန်းဖြစ်ပါတယ်" ဟု  Mr. Jens Michel က ဆက်လက်ပြောသည်။

METRO အနေဖြင့် ရောင်းချသော ကုန်ပစ္စည်းများ၏ ၇၅ ရာခိုင်နှုန်းကို ပြည်တွင်းမှ ဖြည့်သွင်းဝယ်ယူရခြင်းဖြစ်ရာ  QA ဌာနမှ ပင် လယ်စာတင်သွင်းပေးပို့သူများနှင့် ကြက်အသားထုတ်လုပ်ရေး လုပ်ငန်းတို့အား HACCP နှင့် GMP (Good Manufacturing Practices) အခြေခံသင်တန်းတို့ ပေးခဲ့သည်။

METRO Wholesale Myanmar ၏ Quality Assurance ဌာနမှူးဖြစ်သူ Mr. Ajay Pohare က " HACCP လက်မှတ်ရရှိဖို့ လုပ်ဆောင်နေစဉ်အတွင်းမှာ စစ်ဆေးသူတွေက ကုန်ပစ္စည်းလက်ခံခြင်း၊ ထုတ်လုပ်ခြင်း၊ သိမ်းဆည်းခြင်း အဆင့်တွေရဲ့ စနစ်တွေကစပြီး ပစ္စည်းပို့ဆောင်တဲ့အထိ လုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှုခဲ့ပါတယ်။ လုပ်ငန်းအဆင့်တိုင်းမှာ HACCP ရဲ့ လိုအပ် ချက်နဲ့ စံချိန်စံညွှန်းတွေအတိုင်း လုပ်ဆောင်မှု ရှိ/မရှိ စစ်ဆေးခဲ့ကြပါတယ်။ HACCP ရဲ့ အသိအမှတ်ပြု လက်ကားရောင်းချသူ ဆိုတဲ့သဘောကတော့ ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေဟာ လတ်ဆတ်တယ်။ အကောင်းဆုံး အရည်အသွေးမီဖြစ်တ ယ်။  ဘေးအန္တရာယ်ကင်းရှင်းတယ်ဆိုတဲ့ သဘောတွေကို ဖော်ဆောင်ပါတယ်" ဟု ဆိုသည်။

METRO အနေဖြင့် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ နှင့် မကွေးတိုင်း၊ ပွင့်ဖြူမြို့တို့မှ ကုန်ကြမ်း တင်သွင်းပေးပို့ရန် အလားအလာရှိသူများဖြစ်ကြသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးုသူ လယ်သမား (၂၀၀) ဦးကို Good Agricultural Practices (G.A.P) ခေါ် စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ မွမ်းမံသင်တန်းများ ပို့ချသင်ကြား ပေးခဲ့ကြောင်း သိရသည်။

ယင်းစိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ မွမ်းမံသင်တန်းများကို တက်ရောက်ခဲ့သည့် လယ်သမား (၂၀၀) နီးအနက် (၆၂) ဦး တို့မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MoALI)၏ စိုက်ပျိုးရေးဌာနမှ ပေးအပ်သော စိုက်ပျိုးရေး အလေ့ အကျင့်ကောင်းများ လက်မှတ် (Myanmar GAP Certifications) ကို ရရှိခဲ့ကြောင်း သိရသည်။

METRO Wholesale Myanmar ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက နိုင်ငံတကာ ထိပ်တန်း လက်ကားရောင်းဝယ် ရေးကုမ္ပဏီ METRO နှင့် Singapore Securities Exchange Trading Limited (SGX-ST) တွင် စာရင်းသွင်းမှတ်ပုံတင်ထားသည့် Yoma Strategic Holdings တို့မှ အကျိုးတူပူးပေါင်းတည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Donec vel libero ullamcorper, faucibus augue auctor, imperdiet diam. Duis quis nibh eget urna convallis blandit. Fusce iaculis purus vitae convallis aliquet. Ut auctor nunc sed odio bibendum fringilla. Quisque egestas non magna ac tincidunt. Aenean laoreet commodo nulla, sed ultrices odio vehicula sit amet. Suspendisse erat tellus, porta et facilisis sit amet, adipiscing sed diam. Nulla condimentum arcu a pellentesque pretium. Pellentesque pharetra odio eu auctor suscipit.

Cum sociis natoque penatibus et magnis dis parturient montes, nascetur ridiculus mus. Cras congue, felis in congue iaculis, elit enim molestie urna, ut accumsan augue magna aliquet nisi. Nullam interdum bibendum magna, eu sagittis metus convallis quis. Pellentesque vehicula purus sit amet tellus pellentesque suscipit. 

Ut dolor elit, ullamcorper quis ornare vel, congue id orci. In et orci in dolor dapibus sodales ac nec diam. Etiam vulputate erat a quam ullamcorper volutpat. Vestibulum vel feugiat sem, non molestie purus. Duis sit amet faucibus ipsum, ac aliquet urna. In hendrerit sit amet dolor vitae semper.