Skip to main content

နိုင်ငံခြားရင်းနှီးမြုှပ်နှံမှုလုပ်ငန်းများမှ စက်မှုကဏ္ဍမှ လုပ်ငန်း (၉)ခုနှင့် မွေးမြူရေး/ရေလုပ်ငန်းကဏ္ဍမှ လုပ်ငန်း (၁)ခုတို့အား MIC ခွင့်ပြု

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအဖြစ် စက်မှုကဏ္ဍမှ လုပ်ငန်း (၉)ခုနှင့် မွေးမြူရေး/ရေလုပ်ငန်းကဏ္ဍမှ လုပ်ငန်း (၁)ခုတို့အား ထပ်မံခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်၏ ပြောကြားချက်အရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအနောက်ဘက်ကမ်းဒသတွင် ရေနက်ဆိပ်ကမ်း အပါအဝင် အကြီးစားစက်မှုစီမံကိန်းများအတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်၊ ကနဦးတွက်ချက်မှုများအရ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁ ဘီလီယံမှ ၅ ဘီလီယံနီးပါးလိုအပ်ဟု ခန့်မှန်း
ဧရာဝတီ တိုင်းဒေသကြီး အနောက်ဘက်ကမ်းဒေသတွင် ရေနက်ဆိပ်ကမ်းအပါအဝင် အကြီးစားစက်မှုဇုန်စီမံကိန်းများအား အပိုင်းလိုက် တည်ထောင်နိုင်ရန်အတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက ဆိုသည်။
လာမည့် စက်တင်ဘာ ၂၃ ရက်တွင် ရန်ကုန်မြို့ပတ်ယာဉ်လိုင်း စတင်ပြေးဆွဲမည်
လာမည့် စက်တင်ဘာ (၂၃)ရက်နေ့တွင် ရန်ကုန်မြို့ပတ်ယာဉ်လိုင်းအား စတင်ပြေးဆွဲသွားမြည်ဖစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ သိရသည်။
ကုန်သွယ်ခွန် သက်သာခွင့်ရမည့် ကျောက်မျက်ရတနာပြပွဲ မန္တလေးတွင် ပြုလုပ်မည်
အောက်တိုဘာလ ၂၀ ရက်မှ ၂၆ ရက်အထိ မန္တလေးကွန်ဗားရှင်းစင်တာတွင် မြန်မာကျပ်ငွေဖြင့် ရောင်း ချမည့် ကျောက်မျက်ရတနာပြပွဲကို ကျင်းပသွားမည်ဟု ကျောက်မျက်လုပ်ငန်းရှင်များအသင်း (မန္တလေး) အတွင်းရေးမှူး ဦးကျော်နေလင်းက ပြောသည်။
ထိုင်းခရီးသွားဈေးကွက် မြှင့်တင်ဖို့ ခရီးသွားသံတမန် ဖြစ်လာတဲ့ ပိုင်တံခွန်
ထိုင်းနိုင်ငံမှာ ပုရိသတ် အခိုင်အမာရထားတဲ့ ပိုင်တံခွန်ကို ထိုင်းနိုင်ငံပြည်ပ ခရီးသွား ဈေးကွက်မြှင့်တင်ဖို့ အတွက် ခရီးသွားသံတမန်အဖြစ် ခန့်အပ်လိုက်ပါတယ်။ မြန်မာနိုင်ငံ ခရီးသွား အဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံ ဈေးကွက်မြှင့်တင်ရေးအသင်းတို့ ပူးပေါင်းပြီး ထိုင်းနိုင်ငံက ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ အခုလို ခန့်အပ်လိုက်တာ ဖြစ်ပြီး ခရီးသွား သံတမန်အဖြစ် တစ်နှစ်တာ ခန့်အပ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၂၁ နေ့က ရန်ကုန်မြို့ Wyndham Grand Yangon မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သားငါး ထုတ်ကုန်များကိုသင့်တင့်သောဈေးနှုန်းဖြင့် စဉ်ဆက်မပြတ်ဈေးကွက်ရှိနေစေရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်း
လယ်ယာသားငါး ထုတ်ကုန်များကို သင့်တင့်သောဈေးနှုန်းဖြင့် စဉ်ဆက်မပြတ်ဈေးကွက်ရှိနေစေရန် မြို့ နယ်အလိုက်တောင်သူလယ်သမားဈေးကွက်စနစ် ထူထောင်ပြီး ပိုမိုဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရ အားတိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
SME-Development Bank က အတိုးနှုန်း ၈ ဒသမ ၅ မှ ၁၃ ရာခိုင်နှုန်းဖြင့် SME လုပ်ငန်းများကို အများဆုံး ကျပ်သိန်း (၃၀၀၀)အထိ ငွေထုတ်ချေးပေးမည်
SME-Development Bank က JICA ချေးငွေကို အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းဖြင့် SME လုပ်ငန်းများကို အများဆုံး ကျပ်သိန်း (၃၀၀၀)အထိ ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to ဆောင်းပါး