အဓိကအကြောင်းအရာသို့ သွားမည်

အိမ်နီးချင်းတွေနဲ့ ချိတ်ဆက်မယ့် စြင်္ကန်လမ်းတွေကနေ မြန်မာ ဘာအကျိုးရမလဲ


မြန်မာဟာ အာဆီယံနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်သလို လူဦးရေများပြားပြီး ဖွံဖြိုးပြီး နိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်တို့ရဲ့ အချက်အခြာကျတဲ့ နေရာတခုမှာ တည်ရှိနေတာမို့ ရေမြေအနေအထားအရ အရေးပါတဲ့ နေရာတခုအဖြစ် ရယူနိင်တဲ့ အနေအထားမှာ ရှိနေပါတယ်။

မြန်မာနဲ့ ချိတ်ဆက်မယ့် လမ်းကြောင်းများ

တရုတ်ဟာ သူ့ရဲ့အိမ်မက်ဖြစ်တဲ့ One Belt One Road ခေါ် ကုန်သွယ်ရေးလမ်းမကြီးတွေရဲ့ အစိတ်အပိုင်းတခုမှာ မြန်မာဟာ ပါနေပါတယ်။ အလားတူ အာဆီယံဒေသတွေနဲ့လည်း ချိတ်ဆက်ဖို့အတွက် ဆောင်ရွက်နေတာမို့ အာဆီယံကနေတဆင့် အိန္ဒိယနဲ့ တရုတ်ကို ကုန်စည်ပို့ဆောင်ဖို့ ဖြတ်သန်းစီးဆင်းနိင်တဲ့ နေရာတခုလည်း တည်ရှိနေပါတယ်။ ဒါဟာ အခွင့်အရေးတစ်ရပ်ဖြစ်တာမို့ အသုံးချနိင်ဖို့လည်း လိုပါတယ်။ Bangladesh-China-India-Myanmar (BCIM) Economic Corridor လို့ခေါ်ကြတဲ့ ဒီလမ်းမကြီးမှာ ရထားလမ်းစီမံကိန်းပါ ပါဝင်နေတာ တွေ့ရပါတယ်။ အိန္ဒိယကတော့ တည်ဆောက်နေဆဲမှာ ရှိပြီး တရုတ်ကတော့ မြန်မာနယ်စပ်အထိ ရထားလမ်းတွေ ကားလမ်းမကြီးတွေ တည်ဆောက်ပြီးစီးနေတာ တွေ့ရတယ်။

မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ပင်မလမ်းမကြီးတွေဖြစ်တဲ့ ရန်ကုန်-မန္တလေး လမ်းမကြီးတွေ၊ ရန်ကုန်-မော်လမြိုင်လမ်းမကြီး၊ ရန်ကုန်-ပုသိမ်လမ်း၊ရန်ကုန်-တောင်ကြီး-တာချီလိက်လမ်း၊ မန္တလေး-မူဆယ်လမ်း၊ မန္တလေး-မြစ်ကြီးနားလမ်း၊ မန္တလေး-ကလေး-တမူးလမ်းတွေ ဟာ နည်းဗျူဟာမြောက် လမ်းမကြီးတွေ ဖြစ်တယ်။ ဒါပေမယ့်အဆင့်မြင့်တင်ဖို့အတွက် လိုအပ်ချက်တွေ အမြောက်အမြားရှိနေပါတယ်။ ကုန်သွယ်ရေးအရကော အရေးပါလာမယ့် နယ်စပ်ဖြတ်ကျော်လမ်းတွေ တည်ဆောက်လာခြင်းဟာ နိုင်ငံအတွက်လည်း ကောင်းမွန်တဲ့ ကိစ္စတစ်ရပ်ပါပဲ။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံဟာ ရန်ကုန်၊ မန္တလေးလို့ ဒေသတွေမှာပဲ ဖွံဖြိုးတိုးတက်ပြီးတဲ့ အနေအထားရှိပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မူဟာလည်း အရေးပါပါတယ်။  သူတို့လိုပဲ တခြားဒေသတွေ ဖွံဖြိုးလာဖို့အတွက်က အခြေခံအဆောက်အဦးတစ်ခု ဖြစ်တဲ့ လမ်းပန်း ဆက်သွယ်ရေး စနစ်တွေ ကောင်းမွန်လာဖို့ လိုပါတယ်။ ထိုမှသာ တစ်နေရာနဲ့ တစ်နေရာ ကုန်စည်ပို့ဆောင်ရာမှာ ဖြစ်စေ ဆက်သွယ်သွားလာရေးအတွက် ဖြစ်စေ ကောင်းမွန်တဲ့ အနေအထား တခု ရောက်လာမှာပါ။

ဒီအပြင် မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံအချင်းချင်း ချိတ်ဆက်မယ့် လမ်းမကြီးတွေသာမက မဲခေါင် ဒေသအချင်းချင်း ချိက်ဆက်မယ့် လမ်းတွေထဲမှာလည်း ပါဝင်နေပါတယ်။ တရုတ်နိုင်ငံက ယူနန်ပြည်နယ် အပါအဝင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေ အချင်းချင်း ချိတ်ဆက်နိင်မယ့် လမ်းမကြီးတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ မြောက်ဘက်စြင်္ကန်လမ်း နဲ အနောက်ခြမ်းစြင်္ကန်လမ်းဆိုတဲ့ လမ်းပိုင်း နှစ်ခု ပါနေပါတယ်။ မြောက်ဘက်စြင်္ကန်လမ်းဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ ချိတ်ဆက်တာ ဖြစ်ပြီး ရွှေလီကနေတဆင့် မြန်မာနိုင်ငံက မူဆယ်-လားရှိုး-ကျောက်မဲ-ပြင်ဦးလွင်-မန္တလေး-စစ်ကိုင်း- ဝက်လက်-ရွှေဘို-ကလေး-ကလေးဝ-တမူး အထိ ပါရှိနေပါတယ်။ အနောက်စြင်္ကန်လမ်းမှာဆို ထိုင်းနိုင်ငံနဲ့ ချိတ်ဆက်တာ ဖြစ်ပြီး မြဝတီ-မော်လမြိုင်-သထုံ-ပဲခူး-ဒိုက်-ဖြူး-တောင်ငူ-ပျဉ်းမနား-ပျော်ဖွယ်-မကွေး-ပေါက်-ပုဂံ-ပခုက္ကူ-ကလေး-တမူးဆိုတဲ့ လမ်းကြောင်းကြီး ဖြစ်ပါတယ်။ရွှေတြိဂံ နယ်မြေကို ဖြတ်သန်းသွားမယ့် အနောက်-တောင်စြင်္ကန်လမ်းမကြီးဟာလည်း ထိုင်းနိုင်ငံကနေတဆင့် တာချီလိက်-ကျိုင်းတုံ-မိုင်းလားတို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံထဲကို သွားမယ့် လမ်းမကြီး ဖြစ်တယ်။ ထိုင်းနိုင်ငံနဲ့ပဲ ထပ်မံချိတ်ဆက်မယ့် လမ်းမကြီးတခုကတော့ ထားဝယ်အထူးစီးပွားရေးဇုန် ကို ဆက်သွယ်ထားတဲ့ တောင်ဘက်စ ြင်္ကန်လမ်းမကြီးပဲ ဖြစ်ပါတယ်။ အာဆီယံရဲ့ Master Plan 2025 အရ ၂၀၂၅ ပြည့်နှစ်ဆို ခရီးသွား ဧည့်သည့်သန်း(၁၅၀)လောက် အာဆီယံကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ Digital Technologies ရင်းနှီးမြှုပ်နှံမှုတွေကနေ အာဆီယံဟာ ၂၀၃၀ ခုနှစ်လောက်ကျရင် အမေရိကန် ဒေါ်လာ(၆၂၅)ဘီလီယံလောက်ထိကို ရရှိမယ်လို့လည်း ဆိုပါတယ်။ အာဆီယံက ရရှိလာမည့် အခွင့်အရေးကလည်း မနည်းလှပါ။

တရုတ်ရဲ့စီမံကိန်း ဖြစ်တဲ့ Bangladesh-China-India-Myanmar (BCIM) Economic Corridor ဟာလည်း ရထားလမ်းစီမံကိန်းအပြင် ကားလမ်းတွေပါ ပါဝင်သလို ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ချိတ်ဆက်မယ့် လမ်းမကြီးလည်း ဖြစ်တယ်။ မူဆယ်-မန္တလေး-တမူးကို ချိတ်ဆက်ထားမှာ ဖြစ်ပြီး ရထားလမ်းစီမံကိန်းလည်း ပါဝင်နေတာမို့ မြန်မာနိုင်ငံဟာလည်း မကြာမီ မန္တလေး-မူဆယ် ရထားလမ်းကို ဖောက်လုပ်ဖို့ ပြင်ဆင်နေပါပြီ။ ဒီအပြင် ကားလမ်းကိုလည်း အဆင့်မြင့်တင် ခြင်းတွေ ပြုလုပ်နေပြီ ဖြစ်သလို အိန္ဒိအနေနဲ့လည်း တမူးကနေ မန္တလေး-မူဆယ်ကို ရထားလမ်း ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒါဟာလည်း အရေးပါတဲ့ လမ်းမကြီးတခုပါ။ တရုတ်ကတော့ နိုင်ငံပေါင်း (၁၉)နိုင်ငံကို ဖြတ်သန်း သွားမှာ ဖြစ်ပြီး နိုင်ငံပေါင်း(၆၀)လောက်ကို လွှမ်းခြုံထား နိင်မယ်လိုဆိုတဲ့ One Belt One Road စီမံကိန်းသာ ပြီးစီးရင်တော့ စီးပွားရေး အကျိုးအမြတ်  ရရှိမှုဟာ အမေရိကန်ဒေါ်လာ (၈၉၀)ဘီလီယံတောင် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာနဲ့ တရုတ် ကုန်သွယ်မှုဟာ တစ်နှစ်ကို (၁၆)ဘီလီယံလောက်သာ ရှိတာမို့ တိုးတက်ရရှိလာမယ့် ပမာဏကို ခန့်မှန်းလို့ ရနေပါတယ်။

စြင်္ကန်လမ်းတွေကနေ မြန်မာ ဘာတွေရမလဲ။

ဒီတော့ ဒေသတွင်း နိုင်ငံတွေနဲ ချိတ်ဆက်ထားမူတွေဟာ အခွင့်ယူတက်ရင် မြန်မာအတွက် ကောင်း ကျိုးတွေ များပါတယ်။ အရေးကြီးဆုံး အချက်က တရုတ်ရဲ့ ကုန်သွယ်ရေးလမ်းမကြီး ဖြစ်စေ အာဆီယံ ဒေသတွင်း ချိတ်ဆက်မယ့် လမ်းတွေ ဖြစ်စေ ဒီလမ်းအများစုဟာ နယ်စပ်ဒေကနေ ဖြတ်ကျော် ဝင် ရောက်လာတဲ့ လမ်းတွေ ဖြစ်တာမို့ တိုင်းရင်းသားဒေသတွေအတွက် အခွင့်အရေး တစ်ရပ်လည်း  ဖြစ်တယ်။ ဖွံဖြိုးပြီးနေရာအများစုဟာ ရန်ကုန်နဲ့ မန္တလေးလို့ ပြည်မကြီးမှာသာ တည်ရှိနေတာ များပြီး ကုန်းတွင်းပိုင်းကျတဲ့ ပြည်နယ်ဒေသအများစုတွက် ဖွံ့ဖြိုးရေးဇုန်ဖြစ်လာဖို့ ခက်ခဲနေပါတယ်။ ဒီလိုချိန်မှာ ဒီလမ်းမကြီးတွေကနေတဆင့် ဒေသဖွံဖြိုးရေးအတွက် အကျိုးအမြတ်ရနိင်သလို ကုန်သွယ်မူ လည်ပတ်တဲ့ ကဏ္ဍ ပိုတိုးတက်လာမှာ ဖြစ်တယ်။ အာဆီယံဆိုရင် Free Trade Area အနေနဲ့ အခွန် သက်သာခွင့်တွေ ရှိတာမို့ သွင်းဖို့ ဖြစ်စေ ပြည်ပကို ပို့ဖို့ ဖြစ်စေ ဈေးကွက်ဝေစု ရရှိလာမှာ ဖြစ်ပါတယ်။တရုတ်ဆိုလည်း ကုန်သွယ်ရေးကဏ္ဍအရ အရေးပါတဲ့ နေရာ ဖြစ်သလို နယ်စပ်ကုန်သွယ်မှုရဲ့ (၇၀)ရာခိုင်နှုန်းကိုလည်း တရုတ်ကနေ ရနေတာမို့ နယ်စပ်ကုန်သွယ်မှုစနစ်တွေ ပိုကောင်းလာမယ်ဆိုရင် အတိုင်းထက်အလွန် တိုးတက်လာမယ်ဆိုတာ မမှားပါ။ ဒါကြောင့်လည်း ကချင်ပြည်နယ် မြစ်ကြီးနားမှာ စီးပွားရေးဇုန်သစ် ထူထောင်ဖို့ လုပ်နေသလို ကန်ပိုက်တီး ဒေသမှာလည်း စီးပွားရေးဇုန်လုပ်မှာပါ။ ရှမ်းပြည်နယ်မှာဆို နယ်စပ်ကုန်သွယ်ရေးမှာ အကြီးဆုံးနေရာဖြစ်တဲ့ မူဆယ်မှာ ကုန်သွယ်ရေးဇုန်သစ်တွေ ရရှိလာဖို့ ရှိနေသလို လေဆိပ်တည်ဆောက်မယ် ဆိုတဲ့ အချက်ကြောင့် သွားလာရေး ပိုလွယ်ကူစေမှာ ဖြစ်ပါတယ်။ လားရှိုးဟာလည်း တရုတ်ရဲ့ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိနေပြီး ရထားလမ်း၊ကားလမ်းနဲ လေဆိပ် ဆုံဆည်းရာမြို့ဖြစ်တာမို့ ကုန်သွယ်ရေးမြို့တော်အဖြစ် တည်ရှိလာဖို့ ရှမ်းပြည်နယ်အစိုးရက စိုင်းပြင်းနေတယ်။ ဒါအပြင် ဝ နယ်အတွင်းမှာလည်း ကုန်သွယ်ရေးဇုန်တွေ ထူထောင်ဖို့ ရှိနေပြီး ချင်းရွှေဟော်နဲ့ လောက်ကိုင်မှာလည်း အဆင့်မြင့်တင်ဖို့တွေ လုပ်နေတာ ရှိပါတယ်။ ရှမ်း အရှေ့မှာဆို မိုင်းယု-မိုင်းလားနဲ ကျိုင်းတုံတို့ဟာ အရေးပါလာပါတယ်။ ကရင်ပြည်နယ်မှာဆို မြဝတီဟာ အရေးပါလာပြီး ဘားအံမှာလည်း ကုန်သွယ်ရေးဇုန် ထူထောင်ဖို့ လုပ်နေတယ်။ စစ်ကိုင်းမှာဆိုလည်း ကလေးနဲ့ ကလေးဝဟာ အိန္ဒိယနဲ့ ချိတ်ဆက်မယ့် ကုန်သွယ်ရေး ဇုန် ဖြစ်လာမှာမို့ ၎င်းနဲ့ထိစပ်နေတဲ့ ချင်းပြည်နယ်အတွက်လည်း အကျိုးရှိလာမှာဖြစ်တယ်။ ရခိုင်ဆိုလည်း ကျောက်ဖြူအထူးစီးပွားရေးဇုန်ကြောင့် တရုတ်ကို တိုက်ရိုက်သွားလာနိင်မယ့် လမ်းမကြီးတွေ ပေါ်ထွက်လာဖို့ ရှိနေတယ်။ ဖွံဖြိုးတိုးတက်မှုအပေါ် ရရှိလာမယ့် အကျိုးကို ကိုင်ဆုပ်ထားနိင်ဖို့တော့ လိုပါတယ်။ ကျွန်တော်တို့ဟာ အခွင့်အရေးတွေ ရရှိပေမယ့် အသုံးမချနိင်ခဲ့တာတွေကြောင့် စီးပွားရေးတိုးတက်မှု ခြေလှမ်းတွေ နှေးကွေးနေတာ ဖြစ်တယ်အတွက် ဒီလမ်းမကြီးတွေကို အသုံးချနိင်စွမ်း ရှိဖို့ လိုပါတယ်။

အခွင့်အရေးဟာ အရှေ့မှာပါ

Bangladesh-China-India-Myanmar (BCIM) Economic Corridor  နဲ့ အာဆီယံလမ်းမကြီး ကွန်ယက်တွေဟာ လာမည့် ၂၀၂၅ ခုနှစ်နဲ ၂၀၃၀ခုနှစ်အတွင်းမှာ ပြီးပြည့်စုံလာဖို့ လုပ်ဆောင်နေကြ တာမို့ သိပ်မဝေးလှတော့တဲ့ အနာဂတ် ဖြစ်တာနဲ့အညီ ကြိုပြင်ဆင်ထားဖို့လည်း လိုနေပါပြီ။ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယကတော့  ရရှိလာမယ့် အခွင့်အရေးကို အပိုင်ဆုပ်ကိုင်နိင်ဖို့ ပြင်ဆင်နေကြပြီမို့ မြန်မာကလည်း ဒီအခွင့်အရေးကို လက်မလွတ်သင့်ပါဘူး။

အစိုးရ အနေနဲ့လည်း ဒီအကျိုးဆက်ကနေ ရရှိလာမယ့် အခွင့်အရေးတွေကို ဒေသခံလူတွေ ရရှိအောင် ကြိုးပမ်းပေးဖို့ လိုပါတယ်။ စီးပွားရေးအရ ရန်ကုန် နဲ့ မန္တလေးလို့ ဒေသတွေက လက်ဝါးကြီးအုပ်ထား တဲ့ သဘောကို အစီုးရကိုယ်တိုင်က မျှဝေပေးနိင်ဖို့လည်း လိုပါတယ်။ ချေးငွေ ရရှိမှုအပေါ် ပိုမို ပေးအပ်တာ၊ စီမံကိန်းတွေကို အစီုးရ-ပုဂ္ဂလိက ပူးပေါင်းပြီး တစ်ဆင့်ချင်းဆောင်ရွက်တာမျိုးလည်း လုပ်ပေးရမှာ ဖြစ်သလို ဒေသခံ လုပ်ငန်းရှင်တွေအပေါ်မှာလည်း အခွင့်အရေး ပေးသင့်တယ် လို့ မြင်ပါတယ်။ ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်တာ ကိစ္စရပ်တွေမှာ လျင်လျင်မြန်မြန်ပြီးစီးအောင် ဆောင်ရွက်ပေးဖို့ လိုသလို One Stop Service လို ဝန်ဆောင်မှုတွေ တိုးချဲ့ဖို့ လိုနေပါတယ်။ လိုင်စင်ပြုလုပ်တာတွေ၊ ဌာနဆိုင်ရာနဲ့ ဆောင်ရွက်မှုတွေမှာ ကြန့်ကြာနေမှု တွေဟာ မှောင်ခိုကုန်သွယ်ရေးကို အားပေးရာ ရောက်နေသလို အစိုးရ အနေနဲ့လည်း အခွန်ရရှိနိင်မှု အားနည်းပါတယ်။ ဒီအတွက် ပိုအားကောင်းသော လည်ပတ်မှုစနစ် ဖြစ်လာဖို့ လိုသလို လုပ်ငန်းဆောင်ရွက်မယ့် သူကို အစိုးရက အာမခံချက်ပေးဖို့လည်း လိုနေပါတယ်။ ဘဏ်ချေးငွေတွေဟာ မြို့ပြတွေမှာပဲ လည်ပတ်နေမယ့် အစား နယ်စပ်ဒေသတွေကို ဝင်ရောက်နေဖို့ လိုပါတယ်။

ကုန်သွယ်ရေးမှာ အရေးပါတဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးစနစ်ကြောင့် ဆိပ်ကမ်း တည်ရှိရာ မြို့တွ ပိုဖွံဖြိုးတိုးတက်လာတာ လက်ခံသလို ကုန်ကြောင်း ပို့ဆောင်ရေးလမ်းမတွေ ပိုကောင်းလာတဲ့ အချက်ကလည်း ကုန်းတွင်းဒေသတွေ ပိုအခွင့်အရေး ရရှိဖို့ လိုပါတယ်။ ဒီအပြင် မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အဓိကထားတဲ့ နိုင်ငံ ဖြစ်တာမို့ သီးနှံအရည်အသွေးတွေ ၊သိုလှောင်မူ စနစ်နဲအပြင် ခေတ်မှီနည်းပညာတွေအပေါ် အသုံးချနိင်မှု စွမ်းအား ပိုကောင်းလာဖို့ လိုပါတယ်။ ဒီလို မဟုက်ရင် မြန်မာ ရမယ့် ဈေးကွက်ဟာ တခြားသူတွေအတွက် အသုံးချစရာ ဖြစ်သွားပါမယ်။ တောင်သူကနေ စက်ရုံ၊ကုန်သွယ်မှု လုပ်ငန်းတွေအထိ သွားရတဲ့ အဆင့်ဆင့်ဟာ များလွန်းတာမို့ တောင်သူတွေ အတွက် အကျိုးအမြတ် မရှိတာကို ပြင်ဆင်နိင်ဖို့ လိုနေပါတယ်။ပွဲစား အကျိုးဆောင်တွေအောက်မှာပဲ ဈေးနှုန်း၊ အရည်အသွေး အပြောင်းအလဲ ဖြစ်ပေါ်နေတဲ့ အချက်ဟာ မြန်မာ့ထွက်ကုန်အများစု တိုးတက်မှု အားနည်းရခြင်းပဲ ဖြစ်ပါတယ်။လက်ရှိ အနေအထားတိုင်းသာ ဆက်သွားရင်တော့ ဒီလမ်းကြောင်းတွေ ဖြစ်ပေါ်လာသည့်တိုင် မြန်မာက ဘာအကျိုးအမြတ်မှ မရတဲ့ အနေအထားဖြစ်နိင်သလို တခြားနိုင်ငံက ထွက်ကုန်အများစုကို လုံးဝမှီခိုနေရတဲ့ အဆင့်ထိ ဖြစ်သွားနိင်တာ သတိပြုမိဖို့ လိုပါတယ်။

မငြိမ်းချမ်းမှု နဲ မဖွံဖြိုးမှုဟာ စီးပွားရေးတိုးတက်မှု ရှိမရှိအပေါ် အခြေခံနေတာမို့ တိုင်းရင်းသားဒေသတွေ နယ်မြေမတည်ငြိမ် မအေးချမ်းခြင်းဟာ ဆက်စပ်နေတဲ့ ကိစ္စတခု လည်းဖြစ်တယ်။ တကယ်လို့ စီးပွားရေး အင်အားကောင်းလာခဲ့ရင် ငြိမ်ချမ်းမူဟာ အနောက်က လိုက်လာမယ် လို့ လက်ခံထားကြတယ်။ ဒီသဘောတရားအရ အစီုးရအနေနဲ ကြိုပြင်ဆင်ပေးပြီး တဆင့်ချင်း တက်လှမ်းမယ်ဆိုရင် ဖွံဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံကို မလွဲမသွေ ရရှိမှာမို့ ဒီအခွင့်အရေးဟာ စီးပွားရေးနဲ့  ငြိမ်းချမ်းရေးအတွက် ပန်းတိုင်တခုလည်း ဖြစ်ပါတယ်။

Donec vel libero ullamcorper, faucibus augue auctor, imperdiet diam. Duis quis nibh eget urna convallis blandit. Fusce iaculis purus vitae convallis aliquet. Ut auctor nunc sed odio bibendum fringilla. Quisque egestas non magna ac tincidunt. Aenean laoreet commodo nulla, sed ultrices odio vehicula sit amet. Suspendisse erat tellus, porta et facilisis sit amet, adipiscing sed diam. Nulla condimentum arcu a pellentesque pretium. Pellentesque pharetra odio eu auctor suscipit.

Cum sociis natoque penatibus et magnis dis parturient montes, nascetur ridiculus mus. Cras congue, felis in congue iaculis, elit enim molestie urna, ut accumsan augue magna aliquet nisi. Nullam interdum bibendum magna, eu sagittis metus convallis quis. Pellentesque vehicula purus sit amet tellus pellentesque suscipit. 

Ut dolor elit, ullamcorper quis ornare vel, congue id orci. In et orci in dolor dapibus sodales ac nec diam. Etiam vulputate erat a quam ullamcorper volutpat. Vestibulum vel feugiat sem, non molestie purus. Duis sit amet faucibus ipsum, ac aliquet urna. In hendrerit sit amet dolor vitae semper.