Skip to main content

ဧရာဝတီတိုင်းဒေသကြီးအနောက်ဘက်ကမ်းဒသတွင် ရေနက်ဆိပ်ကမ်း အပါအဝင် အကြီးစားစက်မှုစီမံကိန်းများအတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်၊ ကနဦးတွက်ချက်မှုများအရ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁ ဘီလီယံမှ ၅ ဘီလီယံနီးပါးလိုအပ်ဟု ခန့်မှန်း

နေပြည်တော်တွင် စက်တင်ဘာလ ၉ ရက်နှင့် ၁၀ ရက်က ပြုလုပ်ခဲ့သည့် တတိယအကြိမ်မြောက် Myanmar Global Investment Forum တွင် ဦးဌေးဝင်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ဧရာဝတီ နောက်ဘက်ကမ်းဒေသက တကယ့်ကို နိုင်ငံတကာ ရေနက်ဆိပ်ကမ်းကြီးဖြစ်နိုင်တယ်။ စက်မှုဇုန်တွေ ဖြစ်နိုင်တယ်။ အလားအလာရှိတယ်။ အဲဒါက ရင်းနှီးမြှုပ်နှံမှုပမာဏကြီးတယ်။ ကြီးတဲ့အခါကြတော့ အပိုင်းလိုက် အပိုင်းလိုက်လုပ်ဖို့ စီစဉ်နေ တာရှိတယ်။ နိုင်ငံတကာဖိတ်ခေါ်ဖို့ တွေ့တဲ့နေရာမှာ ရှင်းပြတယ်။ ဒါကို နိုင်ငံတော် Project Bank ကိုလည်း အဆိုပြုထားတယ်" ဟု ဦးဌေးဝင်းက ပြောသည်။

အဆိုပါစီမံကိန်းအတွက် ခန့်မှန်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁) ဘီလီယံမှ (၅)ဘီလီယံ နီးပါးအထိ ရှိနိုင်ပြီး  စီမံကိန်းကာလမှာ (၅)နှစ်မှ (၁၀)နှစ်နီးပါးကြာမြင့်နိုင်သဖြင့် စီမံကိန်းအား အပိုင်းလိုက်အကောင်အထည်ဖော်သွားရန် စီစဉ်ထား ခြင်းဖြစ်သည်။

ယင်း စီမံကိန်းများအား အကောင်အထည်ဖော်နိုင်ရေးအတွက် မိုင်ပေါင်း (၁၇၀) နီးပါး ကမ်းခြေပတ်လမ်းတစ်ခုအား တည်ဆောက်သွားရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

" အခုအကောင်အထည်ဖော်နေတာက ကမ်းခြေပတ်လမ်း၊ ကမ်းခြေပတ်လမ်းဆိုတာက ဂေါ်ရင်ဂျီ၊ ငွေဆောင်၊ ချောင်းသာ၊ ကမ်းသာယာ၊ ဟိုဘက်ဆိုရင် ဂွ၊ ငပလီအထိပေါ့ မိုင်ပေါင်း (၁၇၀) လောက်ရှိတဲ့ ကမ်းခြေပတ်လမ်းကြီးရှိတယ်။ ဒါကို အကောင်အထည်ဖော်နေတယ်။ လက်ရှိလည်း ရခိုင်ပြည်နယ်အစိုးရရယ်၊ ဧရာဝတီအစိုးရရယ်၊  ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတာရှိတယ်။ ဒါကို မြန်မြန်ဆန်ဆန်ပြီးဖို့အတွက် နိုင်ငံတကာကို ဖိတ်ခေါ်တယ်။ ဘာကြောင့် ဖိတ်ခေါ်လဲဆိုတော့ ကမ်းခြေပတ်လမ်းကြီးပြီးသွားရင် ကမ်းရိုးတန်းတလျှောက် ဝဲ/ယာမှာ ရေနက်ဆိပ်ကမ်းတွေ ရှိမယ်။ Industry Park ရှိမယ်။ Industry Park ဆိုတာက တကယ်ကို သံမဏိစက်ရုံကြီးတွေ ရေနံချက်စက်ရုံကြီး တွေ ထောင်လို့ရတယ်။ နောက်တခါ ဟိုတယ်ခရီးသွားလုပ်ငန်းတွေရှိမယ်။ နောက်တခါ လျှပ်စစ်ဓါတ်အား ထုတ်လုပ်တဲ့လုပ်ငန်းတွေရှိမယ်။ ဝဲ/ယာမှာ ပေါ်လာမယ့် လုပ်ငန်းတွေ အများကြီးရှိတဲ့အတွက် ဒါကို ဖိတ်ခေါ်နေတာပါ" ဟု ယင်းက ဆက်လက်ပြောသည်။

အဆိုပါလမ်းပိုင်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ကနဦးလမ်းပိုင်းပြင်ဆင်မှုများကို ကျပ် ၂ ဘီလီယံနီးပါး အကုန်ကျခံကာ ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အနောက်ကမ်းခြေစီမံကိန်းတွင် ရင်းနှီးမြုှပ်နှံမှုများ ဆောင်ရွက်ရန်အတွက် တရုတ်၊ ဟောင်ကောင် ၊ အမေရိကန် အပါအဝင် နိုင်ငံပေါင်း (၁၀) နိုင်ငံ နီးပါးမှ လာရောက်ဆွေးနွေးမှုများရှိနေကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

Donec vel libero ullamcorper, faucibus augue auctor, imperdiet diam. Duis quis nibh eget urna convallis blandit. Fusce iaculis purus vitae convallis aliquet. Ut auctor nunc sed odio bibendum fringilla. Quisque egestas non magna ac tincidunt. Aenean laoreet commodo nulla, sed ultrices odio vehicula sit amet. Suspendisse erat tellus, porta et facilisis sit amet, adipiscing sed diam. Nulla condimentum arcu a pellentesque pretium. Pellentesque pharetra odio eu auctor suscipit.

Cum sociis natoque penatibus et magnis dis parturient montes, nascetur ridiculus mus. Cras congue, felis in congue iaculis, elit enim molestie urna, ut accumsan augue magna aliquet nisi. Nullam interdum bibendum magna, eu sagittis metus convallis quis. Pellentesque vehicula purus sit amet tellus pellentesque suscipit. 

Ut dolor elit, ullamcorper quis ornare vel, congue id orci. In et orci in dolor dapibus sodales ac nec diam. Etiam vulputate erat a quam ullamcorper volutpat. Vestibulum vel feugiat sem, non molestie purus. Duis sit amet faucibus ipsum, ac aliquet urna. In hendrerit sit amet dolor vitae semper.