Skip to main content

ချင်းတောင်တန်းဒေသရဲ့ သဘာဝအလှတွေကို ထိန်းသိမ်းရင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေလိုသူ ဦးငွန်ဇမှုန်

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံအတွင်းမှာ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ပြီး နိုင်ငံရဲ့ အနောက်ဘက်အကျဆုံးမှာတည်ရှိနေတဲ့ ချင်းပြည်နယ်ကတော့ ထူးထူးခြားခြားဆိုသလိုဘဲ တောင်တန်းတွေပေါများပြီး သဘာဝ အလှတွေ နဲ့ တည်ရှိနေ သေးတဲ့နေရာ တစ်ခုပါ။ ဒီပြည်နယ်ကတော့ ဖွံ့ဖြိုးမှုမှာတော့ နောက်ကျလို့နေပါတယ်။

ဒီလို ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ မိမိရဲ့ဒေသကို သဘာဝအလှတရားတွေကို ဖော်ထုတ်ရင်း ဖွံ့ဖြိုးတိုးတက်စေချင်သူ တစ်ဦးအကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။ သူက The Backyard Travels & Tours တည်ထောင်ထားသူ ချင်းတိုင်းရင်းသာ ဦးငွန်ဇမှုန် ဖြစ်ပါတယ်။

သူတို့ဒေသက သဘာဝသယံဇာတတွေ ထွက်ရှိတဲ့ဒေသတစ်ခု မဟုတ်တာကြောင့် သူများနဲ့မတူ ထူးခြားတဲ့ တောင်တန်းတွေနဲ့ သဘာဝအလှကို ထိန်းသိမ်းရင်းခရီးသွားလုပ်ငန်းကို ဖော်ဆောင်ကာ ဒေသဖွံ့ဖြိုးရေးအတွက် ကြိုးစားလုပ်ဆောင်သွားဖို့ စိတ်ကူးတွေနဲ့ အကောင်အထည်ဖော်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

 

ဒေသဖွံ့ဖြိုးရေးအတွက် ခရီးသွားလုပ်ငန်းကို လုပ်ဆောင်နေပေမယ့် ဦးငွန်ဇမှုန်ဟာ ခရီးသွားလုပ်ငန်းဟာ သူရဲ့ ကျွမ်းကျင်မရင်းနှီးသူ၊ မိရိုးဖလာလုပ်ငန်းဆောင်ရွက်သူတော့ မဟုတ်ခဲ့ပါဘူး။ အသက်မွေးဝမ်းကျောင်းအတွက် အင်ဂျင်နီယာဘာသာရပ်ကို သင်ကြားခဲ့သူတစ်ဦးပါ။

ကျွန်တော် ကျောင်းပြီးတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လိုက်သေးတယ်။ ဒါပေမယ့် ခဏဘဲ ဝါသနာမပါတော့ ဆက်မလုပ်ချင်တော့ဘူး၊ ကိုယ်က ဝန်ထမ်းလုပ်ရတာထက် ကိုယ်ပိုင်လုပ်ရတာကို သဘောကျတယ်” လို့ သူရဲ့ ဝါသနာနှင့် အတက်ပညာကြား ရွေးချယ်လုပ်ကိုင်ဖြစ်ခဲ့ပုံကို ပြောပြပါတယ်။

ထိုအချိန်မှာဘဲ NGO တစ်ခုရဲ့ ဒေသဖွံ့ဖြိုးရေးအတွက် စစ်တမ်းကောက်ရာမှာ ဝင်ရောက်လုပ်ကိုင်ရင်း ချင်းပြည် နယ်အတွက် သုတေသနလုပ်ကိုင်ရင်း ချင်းပြည်နယ်ခရီးသွားလုပ်ငန်းကို စတင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“NGO မှာအလုပ်ဝင်တော့ နယ်ဘက်တွေဆင်းရတယ်၊ ပုဂံ ပါတယ်၊ အင်းလေး၊ ချင်း ဘက်တွေကိုသွားပြီး ယဉ် ကျေးမှုတွေ ရိုးရာဓလေ့တွေ ရှေ့ဟောင်းအမွေအနှစ်တွေကို စစ်တမ်းကောက်ရတယ် ” လို့ သူ့ရဲ့  NGO လုပ်ငန်း အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

Chin
ချင်းတောင်တန်းတစ်နေရာ

ဒီလို စစ်တမ်းကောက်ရာမှာတော့ မြန်မာနိုင်ငံရဲ့ ပြည်ပခရီးသွားဝင်ရောက်မှု များပြားသော နေရာတွေလို မိမိတို့ရဲ့ ချင်းတောင်တန်းဒေသကိုလဲ နိုင်ငံတကာကို သိစေလိုပြီး ဒေသတွင်းကိုလည်း ဖွံ့ဖြိုးစေချင်စိတ်တွေ ဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။

ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေက ပုဂံကို သွားတယ်။ အဲလို ခရီးသွားများတဲ့ ဒေသတွေက ဖွံ့ဖြိုးမှုလဲ ရှိလာ တယ်။ ဒါဆို ငါတို့ ချင်းပြည်နယ်လည်း ခရီးသွားဖွံ့ဖြိုးတိုးတက်လာရင် လူနေမှုလည်း တိုးတက်လာနိုင်သလို အလုပ်အကိုင်အခွင့်အလမ်းတွေလဲ ပေါများလာနိုင်တယ်ဆိုပြီး စလုပ်ဖြစ်ခဲ့တာ” လို့ ပြောပြပါတယ်။

ဒီလို လုပ်ကိုင်နိုင်ဖို့အတွက် ၂၀၁၅ ခုနှစ်မှာ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သော သင်တန်းများကို တက်ရောက် လေ့လာခဲ့တယ်လို့ဆိုပါတယ်။

Chin
ချင်းတောင်တန်းတစ်နေရာ

၂၀၁၆ ခုနှစ်အရောက်မှာတော့ ချင်းပြည်နယ်ခရီးသွားလုပ်ငန်း သူငယ်ချင်းတစ်ဦးနှင့်အတူ စတင်လုပ်ကိုင်ဖြစ်ခဲ့ ပါတော့တယ်။

စတင်လုပ်ကိုင်ရာမှာတော့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးပြီးဖြစ်တဲ့ ချင်းပြည်နယ်၊ တောင်ပိုင်းအတွက် အခက်အခဲမရှိခဲ့ ပေမယ် အတွေအကြုံနည်းပါးသေးတဲ့ ချင်းပြည်နယ် မြောက်ပိုင်းဒေသမှာတော့ ခရီးသွားလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို သင်တန်းများဖွင့်လှစ်သင်ကြားပေးရင် အောင်မြင်မှုရရှိလာအောင် ကြိုးစားနေတယ်လို့ ပြော ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ ချင်းပြည်နယ်ကို ပြည်တွင်း၊ ပြည်ပ ခရီးသွား (၆၀၀၀)မှ (၈၀၀၀)ကြား ဝင်ရောက်နေတာ ဖြစ်ပါတယ်။

ရေးသားသူ - ထက်ထက်အောင်

Business Bee, BETV Busienss, Toursim, Chin State