Skip to main content

စံချိန်တင်မြင်တက်ခဲ့သောရွှေဈေးသည် (၅) ရက်အတွင်း ခုနှစ်သောင်းကျပ် နီးပါးပြန်ကျ

ယခုစက်တင်ဘာလ (၅) ရက်က  အကယ်ဒမီရွှေတစ်ကျပ်သားလျှင် ကျပ် (၁၃၁၄၀၀၀) ကျပ် ဝန်းကျင်အထိ မြင့်တက်ခဲ့သဖြင့် လက်ရှိ ရွှေဈေးနှုန်းသည် (၅)ရက်အတွင်း ကျပ် (၇၀၀၀၀)သောင်း  ဝန်းကျင် နီးပါး ဈေးနှုန်း ြပ်နလည်ကျဆင်းခဲ့ခြင်းဖြစ်သည်။

“အဲဒီ (၅) ရက်နေ့က ဖြစ်ချင်တော့ စုံသွားတာ၊  ဘဏ်နဲ့ ပတ်သက်တဲ့ ကောလဟာလကလည်း ထွက်၊ ကမ္ဘာ့ရွှေဈေးကလည်းတက်ဆိုတော့ ဈေးကစားသွားတာပါ။ အခုတော့ ပုံမှန်အခြေအနေပြန်ဖြစ်သွားပါပြီ” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်ရှင်များအသင်း ဦးမျိုးမြင့်က ပြောသည်။

ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၄၃) ဒေါ်လာထိ မြင့်တက်ခဲ့ပြီး  လက်ရှိ ကမ္ဘာ့ရွှေဈေးသည် အမေရိကန်ဒေါ်လာ (၁၅၀၈) ဒေါ်လာဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့သည်။

အလားတူ ပြည်တွင်းငွေလဲလှယ်နှုန်းသည်လည်း (၁၅၅၀) ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ကမ္ဘာ့ရွှေဈေးလည်း ပြန်လည်ကျဆင်းနေပြီဖြစ်တာကြောင့် မြန်မာ့ ရွှေဈေးလည်း ပြန်လည်ငြိမ်လာ သဖြင့် အရောင်းအဝယ်များ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းကဆိုသည်။