အဓိကအကြောင်းအရာသို့ သွားမည်

စနစ်သစ်တိုးချဲ့ရန်နှင့် အချက်အလက်များ ပြန်လည်စီစစ်ရန်အတွက် ဒီဇင်ဘာလမှစတင်ပြီး SME Member Card လျှောက်ထားခြင်းကို ယာယီရပ်ဆိုင်းသွားမည်

စနစ်သစ်တိုးချဲ့ရန်နှင့် အချက်အလက်များ ပြန်လည်စီစစ်ရန်အတွက် ဒီဇင်ဘာလမှစတင်ပြီး SME Member Card လျှောက်ထားခြင်းကို ယာယီရပ်ဆိုင်းသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရပါတယ်။

SME Member Card လျှောက်ထားမှု ယာယီရပ်ဆိုင်းရာ၌ ဌာနသို့ စာရွက်စာတမ်းဖြင့် လျှောက်ထားခြင်းအပြင် အွန်လိုင်းမှ မှတ်ပုံတင်လျှောက်ထားမှုများပါ ရပ်ဆိုင်းသွားမှာလို့ သိရပါတယ်။

SME Member Card လျှောက်ထားမှု ယာယီရပ်ဆိုင်းခြင်းကို ဒီဇင်ဘာလ (၂) ရက်မှ (၃၁) ရက်နေ့အထိ ရပ်ဆိုင်းသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

SME လုပ်ငန်းရှင်တွေအတွက် Member Card လုပ်ရာမှာ အချိန်ကုန်သက်သာစေပြီး လွယ်ကူလျှင်မြန်စေဖို့အတွက် Web portal မှတဆင့် Online Registration စနစ်ဖြင့် လျှောက်ထားနိုင်ရန် ၂၀၁၈ ခုနှစ် ဇူလိုင်လ (၃၀) ရက်မှ စတင်ဆောင်ရွက်ခဲ့ပါတယ်။

ထိုသို့ လျှောက်ထားရာမှာ e-payment စနစ်ဖြင့် ငွေပေးသွင်းနိုင်ရန် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းအဆင့်ဆင့် မှန်ကန်မှုရှိစေရန်နှင့် ဖြည့်သွင်းပြီးသည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရန် စီစစ်သွားရန်အတွက် SME Member Card လျှောက်ထားမှုကို ယာယီရပ်ဆိုင်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း(MSME) များ၏ အချက်အလက်များကို ပိုမိုတိကျစွာ သိရှိနိုင်ဖို့ Pilot Project အနေဖြင့် စာရင်းကောက်ယူသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရပါတယ်။

ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့အပါအဝင် စက်မှုဝန်ကြီးဌာနမှာ SME Member Card ပြုလုပ်ထားတဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းပေါင်း ခုနှစ်သောင်းကျော်ရှိတယ်လို့ အဆိုပါဌာနမှ သိရပါတယ်။

ပြည်ဘုန်းမောင်