အဓိကအကြောင်းအရာသို့ သွားမည်

အာယားလာ ဥက္ကဌ ဖာဒီနန်အာယားလာ  ရိုးမလီမိတက်၏ အလုပ်အမှုဆောင်မဟုတ်သော ဒါရိုက်တာဖြစ်လာ

 

စင်ကာပူ ၊ ဒီဇင်ဘာ ၃

ရိုးမမဟာဗျူဟာဦးပိုင်လီမိတက် (YSH) မှာ အမေရိကန်ဒေါ်လာ (၁၀၉) သန်းတန်ကြေးရှိတဲ့ ရှယ်ယာ (၁၄ ဒသမ ၉) ရာခိုင်နှုန်းကို ပိုင်ဆိုင်လိုက်ပြီဖြစ်တဲ့ ဖီလစ်ပိုင်က အာယားလာကော်ပိုရေးရှင်း (Ayala Corporation) ရဲ့ ဥက္ကဌဖြစ်တဲ့ ဖာနန်ဒို ဇိုဘယ် ဒီ အာယားလာ (Fernando Zobel de Ayala) ဟာ ရိုးမရဲ့ အလုပ်အမှုဆောင်မဟုတ်သော ဒါရိုက်တာ (Non-Executive Director) တစ်ဦးအဖြစ် ဝင်ရောက်လာ ပြီ ဖြစ်ပါတယ်။

“အာယားလာဟာ ရိုးမရဲ့ အစုရှယ်ယာရှင်တစ်ဦးဖြစ်လာမှာ ဖြစ်ပြီး ကုမ္ပဏီလည်ပတ်မှုမှာတော့ တိုက်ရိုက်ပါဝင်ပတ်သက်မှာမဟုတ်ပါဘူး” လို့ ရိုးမမဟာဗျူဟာဦးပိုင်လီမိတက်ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မာ(လ) ဗင်း(န) ပန် (Melvyn Pun) က BETV Business ကို ပြောပါတယ်။

စင်ကာပူစတော့အိတ်ချိန်း (SGX) ရဲ့ အမှုဆောင်ဒါရိုက်တာ (Executive Director) အပေါ် အဓိပ္ပာယ်ဖွင့်ဆိုမှု မှာတော့ ကုမ္ပဏီတစ်ခုမှာ အချိန်ပြည့် စီမံခန့်ခွဲသူဖြစ်ပါတယ်။

“သူ (ဖာနန်ဒို ဇိုဘယ် ဒီ အာယားလာ) က ဒါကို လုပ်လို့မရပါဘူး၊ သူက အလုပ်အမှုဆောင်မဟုတ်သူ တစ်ဦးဖြစ်ပါတယ်” လို့ မာ(လ) ဗင်း(န) ပန် (Melvyn Pun) က ရှင်းပြပါတယ်။

ဒါ့အပြင် ကုမ္ပဏီတစ်ခုရဲ့ အဓိက အစုရှယ်ယာရှင်ဖြစ်သူ မည်သူ့ကိုမဆို လွတ်လပ်သော ဒါရိုက်တာ တစ်ဦးအဖြစ် သတ်မှတ်မထားတာကြောင့် ဖာနန်ဒို အာယားလာဟာ ရိုးမရဲ့ လွတ်လပ်သောဒါရိုက်တာလည်း မဖြစ်ပြန်ဘူးလို့ မာ(လ) ဗင်း(န) ပန် (Melvyn Pun) က ဖြည့်စွပ်ပြောဆိုထားပါတယ်။

အယားလာ (Ayala) အနေနှင့် ရိုးမအုပ်စုတွင် ကန်ဒေါ်လာ ၂၃၇ သန်း ရင်းနှီးမြှုပ်နှံရန် ကြေငြာခဲ့သည်။ (ဓာတ်ပုံ-Ayala Corporation)
အယားလာ(Ayala)အနေနှင့် ရိုးမအုပ်စုတွင် ကန်ဒေါ်လာ ၂၃၇ သန်း ရင်းနှီးမြှုပ်နှံရန် ကြေငြာခဲ့သည်။(ဓာတ်ပုံ-Ayala Corporation)

 

 

ဒီလိုမျိုးစတင်လိုက်တာဟာ နှစ်ဖက်သောကုမ္ပဏီတွေရဲ့ နောက်ထပ် ဖွံ့ဖြိုးမှုအသစ်တွေအတွက် ကျွန်တော်တို့ရဲ့ မိတ်ဘက်အသစ် (ရိုးမ) ကနေ ကျွန်တော်တို့ကို အားပေး ထောက်ပံ့တာဖြစ်တယ်လို့ အာယားလာ ကော်ပိုရေးရှင်း (Ayala Corporation) က ဆိုပါတယ်။

အာယားလာကော်ပိုရေးရှင်း (AC) အနေနဲ့ စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် ရိုးမမဟာဗျူဟာဦးပိုင်လီမိတက် (YSH) နဲ့ သူ့ရဲ့ တွဲဖက်ကုမ္ပဏီဖြစ်တဲ့ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ပထမမြန်မာရင်းနှီးမြှုပ်နှံမှု အများပိုင်ကုမ္ပဏီလီမိတက် (FMI) တို့ထံကနေ အစုရှယ်ယာ ၂၀ ရာခိုင်နှုန်း  ဝယ်ယူမယ်လို့ ဒီနှစ် နိုဝင်ဘာလလယ်က ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

ရိုးမမဟာဗျူဟာဦးပိုင်လီမိတက် (YSH) ဟာ အိမ်ခြံမြေလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စားသောက်ကုန်လုပ်ငန်း၊ ပညာရေးနဲ့ ကျန်းမာရေးစတဲ့ နယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ပထမမြန်မာရင်းနှီးမြှုပ်နှံမှုအများပိုင်ကုမ္ပဏီလီမိတက် (FMI) ကတော့ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း (ရိုးမဘဏ်)၊ အိမ်ခြံမြေ၊ ကျန်းမာရေးနဲ့ ခရီးသွားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလျက်ရှိပါတယ်။

မကြာသေးခင်ကလည်း အာယားလာရဲ့ စွမ်းအင်လုပ်ငန်းဖြစ်တဲ့ AC Energy Inc. ဟာ မြန်မာပြည်ရဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍမှာ ၂၀၀ မဂ္ဂါဝပ်ဝန်းကျင်ပမာဏဖွံ့ဖြိုးမှုစီမံကိန်းအတွက် ရိုးမမဟာဗျူဟာဦးပိုင်လီမိတက် (YSH) နဲ့ အတူ ၅၀-၅၀ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုကို ပုံဖော်သွားမယ်လို့လည်း ကြေငြာထားပါတယ်။

အဆုံးသတ်ညှိုနှိုင်းပြီးလို့ နောက်နှစ်မှာ ကုမ္ပဏီနှစ်ခု ဖက်စပ်ရင်းနှီးမြှုပ်နှံမှုကနေ မြန်မာပြည်မှာ အငယ်စားဓာတ်အားလိုင်းတည်ဆောက်သူ Yoma Micro Power ပုဂ္ဂလိကုမ္ပဏီရဲ့ အနည်းဆုံး အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

ရေးသားသူ - BETV Busienss